October 18, 2024

၄. ၈. ၂၀၂၃
Written by Nyein Kyaw

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၃ ခုနှစ်၊ မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား (EV)ပြပွဲကို ပြည်သူ့ရင်ပြင်၌ ဩဂုတ်လ ၄ ရက်မှ ဩဂုတ်လ ၆ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပလျက်ရှိပြီး အခြေခံလူတန်းစားများအတွက် ဆန်၊ ဆီများကိုလည်း သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုးရာသီဈေးရောင်းပွဲတော်တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ဟင်းသီးဟင်းရွက်များကိုပါ ရောင်းချပေးနေသည့်အတွက် လာရောက်ဝယ်ယူသူများဖြင့် စည်ကားလျက်ပြီး သက်သာသောဈေးနှုန်းဖြင့် သုံးရက်တိုင်တိုင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-08-04_12-04-47-1024x576.jpg

This image has an empty alt attribute; its file name is photo_2023-08-04_12-04-45-3-1024x576.jpg

“ဆီကတော့ တစ်ဦးကို တစ်ပိဿာ ၅,၅၀၀ ကျပ်နဲ့ ရောင်းချပေးနေတာဖြစ်တယ်။ ဆန်ကတော့ အမျိုးအစားအပေါ် မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှုရှိပါတယ်။ သုံးရက်လုံးရောင်းချပေးသွားမှာပါ” ဟု ဆီများ ရောင်းချပေးနေသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် လျှပ်စစ်ကား (EV)ကားများနှင့် လျှပ်စစ်သုံး သုံးဘီးယာဉ်များကိုလည်း ပြသထားသည့်အပြင် အငယ်စား၊ အသေးစား၊ အလတ်စား (MSME) လုပ်ငန်းများမှ ထုတ်လုပ်ထားသည့် ကုန်ပစ္စည်းများနှင့် ပြည်တွင်းစက်မှုဇုန်များမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းအမျိုးမျိုးကိုလည်း ပြသထားခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-08-04_12-04-54-2-1024x576.jpg

“EV ကားကတော့ ဒီမှာတစ်ခါတည်းဝယ်လို့မရသေးဘူး။ ဘာလို့လဲဆိုတော့ ၂၀၂၃ ခုနှစ်ထုတ်တွေဆိုတော့ အစ်မတို့ဆီမှာ ပစ္စည်းမရှိသေးဘူး။ စိတ်ဝင်စားတယ်ဆိုရင်တော့ မှာပေးတာပေါ့။ ဒီမှာက ဒီလိုအမျိုးအစားတွေရှိတယ်ဆိုတာကို ပြသတဲ့သဘောမျိုးပါ” ဟု EV အရောင်းပြခန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဈေးရောင်းပွဲတော်နှင့် ပြပွဲများတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန် ၂၉ ဇုန်မှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ၊ MSME ထုတ်ကုန်များ၊ အသင်းအဖွဲ့များ၏ ထုတ်ကုန်ပစ္စည်းများကို ပြခန်းများ ဖွင့်လှစ်ကာ ရောင်းချပေးနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *