October 18, 2024

၄. ၈. ၂၀၂၃
Written by Peya

အဝေးပြေး ခရီးသည် ကားလိုင်းများထဲတွင် ပထမဆုံးဖြစ်ဖွယ်ရှိသည့် ပရိုမိုရှင်းအဖြစ် ရိုးရိုးလေး ခရီးသည်တင်ယာဉ်လိုင်း က ခရီးစဉ်တစ်ကြောင်းစာကို အခမဲ့အဖြစ် တစ်လလုံး ပရိုမိုးရှင်းပေးနေကြောင်း MT News က အဆိုပါ ယာဉ်လိုင်းကို မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

အဆိုပါ ခရီးသည်တင်ယာဉ်လိုင်းသည် ရန်ကုန်၊ မော်လမြိုင်၊ ကျိုက်ထို၊ မုဒုံ၊ ချောင်းဆုံ၊ ကြာအင်းဆိပ်ကြီး၊ ဘားအံ၊ လှိုင်းဘွဲ စသည့်မြို့များသို့ ခရီးစဉ် ပြေးဆွဲပေးနေခြင်း ဖြစ်သည်။

ထိုသို့ ပြေးဆွဲပေးရာတွင် ကျိုက်ထိုမှ ရန်ကုန်သို့ ခရီးစဉ်ကို နံနက်ပိုင်း ၁၀ နာရီခွဲ၊ နံနက် ၁၁ နာရီခွဲ နှင့် နေ့လယ်ပိုင်း ၁၂ နာရီခွဲ အချိန်တို့ ပြေးဆွဲပေးနေရာ အဆိုပါ ခရီးစဉ်အတွက် ဩဂုတ်လတစ်လလုံးစာအတွင်း လက်မှတ်ခကို တစ်ကြောင်းစာအတွက် အခမဲ့ဖြင့် ပြေးဆွဲပေးမည် ဖြစ်ကြောင်း အဆိုပါ ယာဉ်လိုင်းက အသိပေး ထားသည်။

“ကျိုက်ထိုကနေ ရန်ကုန်ဆိုရင် ဒီတစ်လလုံး အခမဲ့ ပရိုမိုးရှင်း ပေးထားပါတယ်ရှင်။ တစ်ကြောင်းပဲ ပေးရပါတယ်ရှင့်။ ညီမတို့က VIP ကား မဟုတ်ပါဘူး အဲကွန်းနဲ့ပါ” ဟု MT News က ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။

ကျိုက်ထိုမြို့နယ်သည် ကျိုက်ထီးရိုးဘုရား တည်ရှိရာမြို့နယ် ဖြစ်သည့်အတွက် ခရီးသွားလာသူများသည့် နေရာလည်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *