October 19, 2024

၄. ၈. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံ ၀ ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက သံဖြူတင်ပို့မှုများကို ပိတ်ပင်လိုက်ပြီးနောက် ဈေးကွက်များ ယခင်ထက်ပိုမိုမြင့်တက်လာခဲ့ကြောင်း နိုင်ငံတကာ သံဖြူရောင်းဝယ်ရေးအဖွဲ့ ITA က ထုတ်ဖော်ပြောဆိုလိုက်သည်။

အဆိုပါအဖွဲ့က “၀ ဒေသ သတ္တုတွင်းလုပ်ငန်းတွေဟာ သြဂုတ် ၁ ရက်က စတင်ပြီး သံဖြူသတ္တုရိုင်းတင်ပို့မှုတွေကိုပိတ်ပင်လိုက်တဲ့အချက်ကို အတည်ပြုနိုင်ခဲ့ပါတယ်”ဟုသတင်းထုတ်ပြန်လိုက်သည်။

ပြီးခဲ့သောနှစ်က တရုတ်နိုင်ငံသို့တင်သွင်းခဲ့သော သံဖြူသတ္တုရိုင်းအားလုံး၏ ၇၇ ရာခိုင်နှုန်းက မြန်မာနိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း တရုတ်အကောက်အခွန်ဌာန၏ အချက်လက်များအရ သိရသည်။ ဝ ဒေသသည် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်ထုတ်လုပ်ခဲ့သော သံဖြူစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ထွက်ရှိသော သံဖြူသတ္တုရိုင်းကိုအများဆုံး ဝယ်ယူတင်သွင်းနေသည့် နိုင်ငံဖြစ်နေကြောင်းနိုင်ငံတကာ သံဖြူရောင်းဝယ်ရေးအဖွဲ့ ITA ကဆိုသည်။

၀ ဒေသသည် အီလက်ထရောနစ် ပစ္စည်းများနှင့် Semiconductors Sectors ပစ္စည်းများထုတ်လုပ်ရာတွင်အသုံးပြုသော သံဖြူသတ္တု ဈေးနှုန်းမြင့်တက်လာစေရန်အတွက် ဧပြီလတွင် သံဖြူသတ္တုတင်ပို့မှုများကို ပိတ်ပင်ကြောင်း သတင်းထုတ်ပြန်ခဲ့ဖူးသည်။ ၀ ဒေသမှ သံဖြူသတ္တုတင်ပို့မှုများကို ပိတ်ပင်လိုက်ပြီးနောက် London Metal Exchange ဈေးကွက်နှင့် တရုတ်ဈေးကွက်တို့တွင် ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး သံဖြူသတ္တု မက်ဒရစ်တစ်တန်ကို အမေရိကန်ဒေါ်လာ ၂၈၂၄၅ အထိ ဈေးတက်လာခဲ့ကြောင်း ITA ကဖော်ပြထားသည်။

တရုတ် နိုင်ငံ Shanghai Futures Exchange ဈေးကွက်တွင်လည်း သံဖြူသတ္တု ဈေးနှုန်းများမြင့်တက်နေပြီး မက်ထရစ်တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၂၀၂၃ အထိပေါက်ဈေးရှိနေကြောင်း သိရသည်။

Ref- nasdaq.

Leave a Reply

Your email address will not be published. Required fields are marked *