October 19, 2024

MT News

ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးလေးဦး အပါအဝင် ၇ ဦးကို အနားပေးလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦးကို ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးလေးဦးအနက် ကျန်းမာရေးအရ တာဝန်မှအနားယူခွင့်ပေးလိုက်သူနှစ်ဦးမှာ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီး ဦးကိုကိုနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဦးသောင်းဟန်တို့ဖြစ်သည်။ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးမြင့်ဦးနှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့ကိုမူ တာဝန်မှအနားပေးလိုက်သည်ဟု ဖော်ပြထားသည်။

ထို့အတူ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဒေါက်တာဌေးအောင်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌဦးလှမြင့်တို့ကိုလည်း ကျန်းမာရေးအရ တာဝန်မှအနားယူခွင့်ပြုခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *