October 19, 2024

MT News

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ဩဂုတ် ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ပြင်ဆင်ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ အတွင်းရေးမှူးအဖြစ်ကိုမူ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက တာဝန်ယူထားကာ တွဲဖက်အတွင်းရေးမှူးအဖြစ်ကိုမူ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးက တာဝန်ယူထားသည်။

အဖွဲ့ဝင်များအဖြစ်မူ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊မန်းငြိမ်းမောင်၊ ဒေါက်တာ မှုထန်၊ ဒေါက်တာ ဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့ပါဝင်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှစ်ဦးဖြစ်သော ဦးမောင်ကိုနှင့် ဒေါက်တာအောင်ကျော်မင်းတို့ကို တာဝန်မှအနားယူခွင့်ပြုခဲ့ပြီး အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာကျော်ထွန်းကိုမူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၏ အဖွဲ့ဝင်အဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *