October 19, 2024

ဓာတ်ပုံ - သာကေတမြို့နယ် လူမှုကူညီရေးအသင်း

MT News

Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မြင်တော်သာလမ်းမကြီးရဲ့ ဘုရားလမ်းထိပ်က ဓာတ်တိုင်မှာ တပ်ဆင်ထားတဲ့ Wifi ကြိုးကို တက်ရောက်ပြုပြင်ရင်း အမျိုးသား သုံးဦးဓာတ်လိုက်ခံရ​တဲ့ ဖြစ်စဥ် ဒီနေ့ သြဂုတ် နှစ်ရက် ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သာကေတလူမှုကူညီရေးအသင်းကနေသိရပါတယ်။

“ဘယ်လိုဖြစ်သွားတာလဲဆိုတော့ လမ်းထဲက အိမ်တစ်အိမ်က ဝိုင်ဖိုင်ပျက်လို့ သူတို့တပ်ထားတဲ့ ကုမ္ပဏီကို လှမ်းခေါ်ပြီး ဝန်ဆောင်မှုယူတာ။ ကုမ္ပဏီက ဝန်ထမ်းကောင်လေး သုံးဦးလာတယ်။ နှစ်ဦးက ဓာတ်တိုင်မှာ တပ်ထားတဲ့ Wifi Box က ကြိုးကိုတက်ပြင်တယ်။ ကျန်တဲ့ တစ်ဦးက ဝိုင်ဖိုင်ပျက်လို့ခေါ်တဲ့အိမ်ထဲကနေ ပြင်ပေးတယ်။ အဲ့ဒီမှာ ဓာတ်တိုင်ပေါ်က နှစ်ယောက် ဓာတ်လိုက်တော့ သူကလည်း အိမ်ထဲမှာ လျှပ်စစ် စီးကြောင်းဝင်ပြီး ဓာတ်လိုက်နေတာ” လို့ ကူညီပေးခဲ့တဲ့ သာကေတလူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။

This image has an empty alt attribute; its file name is 362657819_153811501069666_7557378238644655961_n.jpg

ဓာတ်လိုက်မှုကြောင့် ဓာတ်တိုင်ပေါ်က ဒဏ်ရာရရှိသူ အသက်(၂၀)ဝန်းကျင်ခန့် လူနာအမျိုးသား(၂)ဦးမှာ ပြုတ်ကျတဲ့အရှိန်ကြောင့် လက်ကျိုးဒဏ်ရာ၊ ဓာတ်လိုက်ခံရတာကြောင့် အရေပြားလောင်ကျွမ်းတဲ့ဒဏ်ရာနဲ့ မေးစေ့ကွဲဒဏ်ရာတွေ ရရှိခဲ့ပြီး အိမ်ထဲမှာပြုပြင်နေတဲ့ အသက်(၄၀)ဝန်းကျင်ခန့် အမျိုးသားလူနာ(၁)ဦးကတော့ ခန္ဓာကိုယ်အောက်ပိုင်း ထုံကျင် ဝေဒနာတွေ ခံစားခဲ့ရတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူတွေကို မြေပြင်ပြုစုကုသမှုပေးပြီး ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း၊ အောင်သပြေလူမှုကူညီရေးအသင်း လူနာတင်ယာဉ်တွေနဲ့ စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – သာကေတမြို့နယ် လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *