October 18, 2024

MT News

Written by Nay Moe

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာအတွင်းရှိ နေအိမ်များအား KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF များက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကသာမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ ဝင်များသည် ဇူလိုင် ၃၀ ရက်တွင် ကျောက်ထုံးကြီးကျေးရွာအနီးသို့အရာက်၌ KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF များက ကျေးရွာအတွင်းနှင့် ကျေးရွာသင်္ချိုင်းကုန်းအတွင်းမှ နေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ KIA နှင့် PDF များသည် ကျေးရွာ၏အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ထိုသို့ ဆုတ်ခွာထွက်ပြေးစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၎င်းတို့၏နောက်သို့ ထပ်ကြပ်လိုက်လံချေမှုန်းတိုက်ခိုက်ခြင်း မပြုနိုင်စေရန်နှင့် ကျေးရွာရှိ နေအိမ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည့်ဟု အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် KIA နှင့် PDF အဖွဲ့ဝင်များအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *