October 18, 2024

၃. ၈. ၂၀၂၃
Written by Naing Thuta

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့၏ နှစ်နိုင်ငံ “ယဥ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ” ကို မန္တလေးမြို့တွင် ယနေ့မနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁) ရပ်ကွက်၊ ၇၃ လမ်း၊ ၁၀၂ လမ်းနှင့် ၁၀၇ လမ်း ကြား၊ Mingalar Mandalay Hotel ၊ သဇင်ခန်းမရှိ Jasmine Room တွင် ယနေ့(ဩဂုတ် ၃ ရက်) မနက် ၁၀ နာရီမှ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အထိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့၏ နှစ်နိုင်ငံ “ယဥ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာနှီးနှောဖလှယ်ပွဲ”အား ကျင်းပခဲ့ခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-08-03_16-28-56-1024x507.jpg

ထိုနှီးနှောဖလှယ်ပွဲတွင် နှစ်နိုင်ငံ”ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ” လုပ်ငန်းကဏ္ဍများနှင့်ပတ်သက်၍ ပိုမိုတိုးတက်အောင် မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် အပြန်အလှန်အကျိုးခံစားခွင့်ရရှိနိုင်မည့်လုပ်ငန်းများ၏ ဆောင်ရွက်နေမှုအခြေအနေများအား နှီးနှောဖလှယ်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းနှင့်အဖွဲ့ဝင်များ ၊ ယူနန်ပြည်နယ်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Zhang Diwei နှင့်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့်လုပ်ငန်းရှင်များ၊ စုစုပေါင်း ၂၅ ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *