October 18, 2024

ဓာတ်ပုံ - လောကဟိတာဝဟ လူမှုကူညီရေးအသင်း

၃. ၈. ၂၀၂၃
Written by Hey Mar

ရန်ကုန်မြို့၊ ကန်တော်ကြီးဥယျာဥ်မှာ ဒီနေ့သြဂုတ် ၃ ရက် မနက်ပိုင်းက စိတ်ကျန်းမာရေးမကောင်းသူ လူငယ်တစ်ဦး ရေထဲဆင်းသွားရာကနေ ရေနစ်သေဆုံးတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ လောကဟိတာ ဝဟ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။

စိတ်ကျန်းမာရေးမကောင်းသူလူငယ်ဟာ အသက် ၂၅ နှစ်ဝန်းကျင်လို့ ခန့်မှန်းရပြီး တာ​မွေ ၊ မအူကုန်းလမ်းကျယ်ကလို့ သိရပါတယ်။ အရင် ကန်တော်ကြီး ပဲ့လေ့စ် ဟိုတယ်အဟောင်းရဲ့ အနောက်ဘက် တံတားပေါ်မှာ အဲဒီ့လူငယ်ရဲ့ ဖိနပ်၊ ထီး၊ စားလက်စပေါင်မုန့်တွေ ချန်ထားခဲ့သလို ရေထဲခုန်ချသွားတာကို ပန်းကန်းလုံးကျွန်းပေါ်ကနေ မြင်တွေ့လိုက်တဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-03_16-16-57.jpg

“ရေထဲ ခုန်ချသွားတာက သေချာသလောက်ရှိတယ်။ ကျွန်တော်သွားပေမယ့် ကန်တော်ကြီးထဲကိုက ဆင်းလို့ မရဘူးလေ။ ရေမြှုပ်သွားတဲ့အနေအထားဆိုတော့ ဒိုင်ဗင်အသင်းကို အကြောင်းကြားရတာပေါ့။ ဒိုင်ဗင်လာမှ ဆင်းငုပ်မှ ရုပ်အလောင်းက ပြန်တွေ့တာ။ ဒီဆယ်ရက် ဝန်းကျင်အတွင်းကို အဲ့ဒီနား အဲဒီနေရာမှာတင် ရေနစ်တဲ့ ဖြစ်ရပ် ၂ ကြိမ်ရှိပြီ”လို့ လောက ဟိတာဝဟ လူမှုကူညီရေးအသင်းတာဝန်ရှိသူက MT News ကို ပြောပါတယ်။

သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့အတူ မင်္ဂလာတောင်ညွန့် လူမှုကူညီကယ်ဆယ်ရေးကွန်ရက်က ရေငုပ် ရှာဖွေပေးခဲ့ပြီး နေ့လည် ၁၂ နာရီ ၂၀ အချိန်မှာ အသက်သေဆုံးလျှက်သား ဆယ်ယူရရှိခဲ့တာကြောင့် အသင်းအဖွဲ့ပိုင် နိဗ္ဗာန်ယာဥ်နဲ့ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပြီးရင်ခွဲရုံက PR 017 နဲ့ လက်ခံထားရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – လောကဟိတာဝဟ လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *