October 18, 2024

၃. ၈. ၂၀၂၃
Written by Pan Ei

မကြာသေးမီက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ တောင်ပေါ် Viewpoint မှာ နိုင်ငံခြားသားလို့ ယူဆရသူတစ်ဦးက ခရီးသွားတွေကို သေနတ်နဲ့ ချိန်ပြီး အကြမ်းဖက် ပိုက်ဆံတောင်းနေတဲ့ ဗီီဒယို အင်တာနက်ပေါ် ပျံ့နှံ့လာခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က အဆိုပါ နိုင်ငံခြားသားကို အပူတပြင်းရှာဖွေခဲ့ကြရာ အဲ့ဒီဗီဒီယိုရိုက်ကူးရာမှာ ပါဝင်သူနှစ်ဦးက မြန်မာအမျိုးသားတွေဖြစ်တယ်လို့ သိရပြီး သူတို့ဟာ မနေ့က ဖမ်းဆီးခံခဲ့ရပါတယ်။

အင်တာနက်ပေါ် ပျံ့နှံ့လာခဲ့တဲ့ ဗီဒီယိုထဲမှာ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ လူငယ်တစ်ဦးက ခရီးသွား ၁၀ ယောက်ကျော်လောက်ကို ဒူးထောက်ခိုင်းထားပြီး သေနတ်ပြ ခြိမ်းခြောက် ပိုက်ဆံတောင်းနေကာ လူတစ်ယောက် ခေါင်းကိုလည်း သေနတ်နဲ့ ထောက်ထားတာတွေ ပါရှိပါတယ်။

စုံစမ်းစစ်ဆေးပြီးနောက် အဲ့ဒီဗီဒီယိုဟာ မြန်မာ အမျိုးသား နှစ်ဦးက သေနတ်ပုံစံ မီးခြစ်သုံးကာ အပျော်ရုပ်သံ ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သိရပြီး ရုပ်သံရိုက်ကူးခဲ့သူနှစ်ဦးမှာ အသက် ၂၅ နှစ်နဲ့ ၂၂ နှစ်အရွယ် မြန်မာအမျိုးသားတွေ ဖြစ်ကြပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-03_14-25-06-1024x575.jpg

ဒါပေမဲ့ အဲ့ဒီမြန်မာအမျိုးသားနှစ်ယောက်ဟာ သူတို့ကို ခရီးသွားအုပ်စုတစ်စုက သူတို့ဆီမှာ သေနတ်ပုံစံ မီးခြစ်ရှိတာကိုတွေ့တာကြောင့် သေနတ်နဲ့ ခြိမ်းခြောက်ပြီးငွေတောင်းတဲ့ လူဆိုးဂိုဏ်းပုံစံ ဟန်ဆောင်ပြီး ရိုက်ကူးပေးဖို့ သူတို့ကို တောင်းဆိုခဲ့တယ်လို့ ထွက်ဆိုခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်တင်ဖို့ ဗီဒီယိုရိုက်ကူးဖို့လည်း ကျန်တဲ့မြန်မာသူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းခဲ့တယ်လို့ ရဲတွေရဲ့ မေးမြန်းချက်ကို အသက် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသားက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာအမျိုးသားတွေကတော့ လူအများကို အထိတ်တလန့်ဖြစ်စေကာ သတင်းမှား ဖြန့်ဝေမှုနဲ့ တရားစွဲခံရနိုင်ပြီး ထောင်ဒဏ် တစ်လ ဒါမှမဟုတ် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ အထိ ချမှတ်ခံ ရနိုင်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

Ref; The Nation

Leave a Reply

Your email address will not be published. Required fields are marked *