October 18, 2024

MT News

Written by Pan Ei

ပြီးခဲ့တဲ့ စနေနေ့က အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်က ပွဲတစ်ခုမှာ Cardi B ဖျော်ဖြေနေချိန် ပရိသတ်ထဲက တစ်ယောက်က စင်အောက်ကနေ ခွက်ထဲက အရည်တစ်ခုခုနဲ့ လှမ်းပက်လိုက်တာကြောင့် Cardi B က မိုက်ကရိုဖုန်းနဲ့ ပြန်ပစ်ပေါက်ခဲ့တဲ့ သတင်းဟာ ခုရက်ပိုင်းအတွင်း အတော်လေးကို နာမည်ကြီးနေခဲ့ပြီး အခုအခါမှာတော့ Cardi B ပစ်ပေါက်ခဲ့တဲ့ မိုက်ကို မိုက်ခရိုဖုန်းထုတ်လုပ်ရေးကုမ္ပဏီက eBay ကနေ လေလံတင်ရောင်းချနေပြီပဲဖြစ်ပါတယ်။

မိုက်ကို လေလံတင်ရောင်းချနေတဲ့ The Wave ကုမ္ပဏီက စစ်မှုထမ်းဟောင်းတွေအတွက် အမျိုးသားရေး ပရဟိတအဖွဲ့နဲ့ လိုအပ်နေတဲ့ ကလေးတွေအတွက် တည်ထောင်ထားတဲ့ ပရဟိတလုပ်ငန်းတွေအတွက် ရန်ပုံငွေရှာဖို့ လေလံတင် ရောင်းချတာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး မိုက်ကိုရယူခဲ့တဲ့ ထုတ်လုပ်ရေးကုမ္ပဏီက ဝန်ထမ်း Scott Fisher က Cardi B ပြန်ပစ်ပေါက်ခဲ့တဲ့ မိုက်မှာ ‘MAIN’ ဆိုတဲ့ စကားလုံးတစ်လုံးကို တိပ်နဲ့ ကပ်ထားတာကြောင့် ရှာဖွေရလွယ်ကူခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ပစ်ပေါက်ခံခဲ့ရပေမဲ့ မပျက်စီးသေးတဲ့ မိုက်ကို လာမယ့် တနင်္လာနေ့အထိ လေလံတင်ရောင်းချသွားမှာဖြစ်တယ်လို့သိရပြီး အခုအခါ လေလံဈေးမှာ အမေရိကန်ဒေါ်လာ ၂၅,၁၀၀ အထိရှိနေပြီဖြစ်ပြီး ကျန်နေတဲ့ရက်အတွင်းမှာလည်း ပမာဏက သိသိသာသာကို တက်လာနိုင်ပါသေးတယ်။

ပရိသတ်တစ်ဦးက စင်အောက်ကနေအရည်တစ်ခုနဲ့ လှမ်းပက်လို့ စင်ပေါ်က Cardi B ပြန်ပစ်ပေါက်ခဲ့တဲ့ ဖြစ်စဉ်အပြီးမှာ အမျိုးသမီးတစ်ဦးက မိုက်ခရိုဖုန်းနဲ့ ထိမှန်ခဲ့တယ်လို့ အခိုင်အမာဆိုကာ ရဲတပ်ဖွဲ့ကို တိုင်ကြားထားတယ်လို့လည်း သိရပြီး လက်ရှိမှာတော့ ရဲတပ်ဖွဲ့က အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းအချက်အလက် ထုတ်ပြန်တာတွေမရှိသေးပါဘူး။

Ref; Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *