October 18, 2024

၃. ၈. ၂၀၂၃
Written By Thandar

ပေါက်ကျော်မ ရုပ်ရှင်ထုတ်လုပ်ရေးက ပွဲဦးထွက် ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်လမ်းပုံစံ “တာတီး” ဂမ္ဘီရဇာတ်လမ်းတွဲ ကန်တော့ပွဲပေးခြင်း အခမ်းအနားကို ဩဂုတ်လ ၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားမှာ ကျင်းပခဲ့ပါတယ်။

“တာတီး ဇာတ်ကားမှာ အမေကို ပထမအဖွင့်မှာ အပင်းသွင်းခံရပြီး ဖုတ်ဝင်နေတဲ့ အဖွားကြီးဆိုပြီး တစ်ရွာလုံးထွက်ပေးကြတယ်။ ရွာက လူတွေအကုန်က ကြောက်စရာကောင်းတဲ့ အဖွားကြီးအဖြစ် မြင်တွေ့ကြမှာပါ။ အဖွားကို လူတိုင်းလန့်ကြရတယ်။ အမေတို့ သွားရိုက်ကူးရမယ့် နေရာက အရမ်းကြမ်းတယ်။ ပါးစပ်ကိုလည်း စည်းစောင့်ရမယ်။ ပုပ္ပါးနယ်ဘက်က ဘုန်းကြီးတောင် မနိုင်တဲ့ရွာလို့တော့ ပြောကြတယ်” လို့ သရုပ်ဆောင် ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-03_14-16-07-2-683x1024.jpg

ဇာတ်လမ်း Gu Gu၊ ဇာတ်ညွှန်း ဒီဒီထက်အောင် တို့က ရေးသားထားပြီး ဒါရိုက်တာ နေမင်းတင်က ရိုက်ကူးမယ့် တာတီး ဇာတ်လမ်းတွဲကတော့ ပရိသတ်အကြိုက်တွေ Horror ပုံစံ ပုပ္ပါးနယ်ဘက်မှာ အပိုင်း ၄၀ ကျော် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ဂူးဂူး၊ သင်းသဲဗိုလ်၊ ဇောက်ထိုး၊ ခရစ္စဝင်း၊ ပြည့်ပြည့်၊ ကဲကဲ၊ အကယ်ဒမီ ခင်မို့မို့အေး၊ ဒေါ်စန်းစန်းဝင်း၊ သူဇာပွင့်၊ ချမ်းအေး စတဲ့သူတွေ က ပါဝင် သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

“ပေါက်ကျော်မရဲ့ ကာရိုက်တာအစုံထဲက နွယ်နီဆိုတဲ့ ကာရိုက်တာနေရာက သရုပ်ဆောင်မှာပါ။ ရန်ကုန်ကနေ ၁၄ နာရီလောက် သွားရတဲ့ ရွာလေး တစ်ရွာမှာ ရိုက်မှာပါ။ ဒီကားရိုက်ဖို့ ဒါရိုက်တာတွေလည်း အဓိဌာန်ဝင်နေကြသူတွေလည်း ရှိတယ်။ ကိုယ်ကအရမ်းကြောက်တတ်တဲ့သူဆိုတော့လေ ကြောက်နေတဲ့ ကာရိုက်တာမှာ ပီပြင်မှာပါ”လို့ သရုပ်ဆောင် သင်းသဲဗိုလ်ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *