October 18, 2024

၃. ၈. ၂၀၂၃

Written by Min Mahar

ဥယျာဥ်ခြံအတွင်း မိသားစုဝင် သုံးဦးနေထိုင်သည့် နေအိမ်အား PDF တစ်ဦးရောက်လာပြီး ညအိပ်ခွင့်တောင်းရာ မပေးနေသည့်အတွက် သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် မိဘနှစ်ဦးသေဆုံးပြီး သားဖြစ်သူဒဏ်ရာရှိမှုတစ်ခု ဘုတ်ပြင်းမြို့နယ်တွင် ဩဂုတ်လ ၁ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁ ရက်နေ့(ဒုတိယဝါဆိုလပြည့်နေ့)ည ၉ နာရီ ၃၀ မိနစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ဘုတ်ပြင်းမြို့နယ် အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု၊ ထောင်မွန်ကျေးရွာရှိ ဥယျာဉ်ခြံထဲတွင်နေထိုင်သည့် အသက် ၆၈ နှစ်အရွယ်အမျိုးသားနှင့် အသက် ၅၈ နှစ်အရွယ်လင်မယားနှစ်ဦးနှင့်အတူ အသက် ၂၄ နှစ်အရွယ်သားဖြစ်သူတို့ ၃ ဦးသည် နေအိမ်အတွင်းရှိနေစဉ် PDF အဖွဲ့မှ အမည်မသိ အရပ်ဝတ်ဖြင့် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးရောက်ရှိလာကာ နေအိမ်၌ တစ်ညတည်းခိုခွင့်ပေးရန် ခွင့်တောင်းခဲ့သည်။ ဖခင်ဖြစ်သူမှကြောက်သဖြင့် သက်ဆိုင်ရာကို အကြောင်းကြားပြီးမှနေထိုင်ခိုင်းမည်ဆိုရာတွင် ၎င်းမှအကြောင်းမကြားရန်ပြောဆိုခဲ့သောကြောင့် ဖခင်ဖြစ်သူက နေအိမ်၌တည်းခိုခွင့်မပေးခဲ့ရာမိသားစုဝင်သုံးဦးလုံးကို သေနတ်ဖြင့် ပစ်ခတ်သွားပြီးထွက်ပြေးသွားကြောင်း ဒဏ်ရာရရှိသည့်သားဖြစ်သူ ပြောပြချက်အရ သိရသည်။

This image has an empty alt attribute; its file name is photo_2023-08-03_15-14-03.jpg

အဆိုပါသေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် မိဘနှစ်ဦးစလုံးသေဆုံးသွားခဲ့ပြီး သားဖြစ်သူမှာမူ ဒဏ်ရာများရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် ဘုတ်ပြင်းမြိုနယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ မြိတ်မြိုဆေးရုံသို့ တင်ပို့ဆေးဝါးကုသမှရမည်ဖြစ်သောကြောင့် ထပ်မံပို့ဆောင်ပေးခဲ့ပြီး ဆေးဝါးကုသမှုခံယူနေကြောင်း ကူညီ ဆောင်ရွက်ပေးရာတွင် ပါဝင်သည့် လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက MT News သတင်းဌာနသို့ ပြောပြသည်။

သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း သေနတ်ဖြင့်ပစ်ခတ်သူကို နယ်မြေခံရဲစခန်းတွင် အမှုဖွင့်ထားပြီး အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းစစ်ဆေးနေကြကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *