October 18, 2024

၃. ၈. ၂၀၂၃
Written by Pan Ei

မကြာသေးမီက ထိုင်းနိုင်ငံမှာ အမျိုးသားတွေကို ချစ်ဟန်ဆောင်ပြီး ကားတွေကို လိမ်ညာ ခိုးယူနေတဲ့ အချစ်လိမ်လည်ဂိုဏ်းရဲ့ ခေါင်းဆောင်လို့ သံသယရှိသူ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

Dueanpen Jitwimolprasert လို့ အမည်ရတဲ့ သူမဟာ Busarakham လို့ခေါ်တဲ့ အချစ်လိမ်လည်ဂိုဏ်းရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူတို့ဟာ ချိန်းတွေ့တဲ့အက်ပ်တွေမှာ Busarakham ဆိုတဲ့ အမည်ကို အသုံးပြုကာ ဆွဲဆောင်မှုရှိပြီး အရည်အချင်းပြည့်ဝတဲ့ အမျိုးသမီးတစ်ဦးရဲ့ပုံတွေကို သုံးပြီး အမျိုးသားအများအပြားကို ဆွဲဆောင်ဖြားယောင်းကြပါတယ်။ အဲ့ဒီနောက်မှာ အမျိုးသားတွေကို ကားသစ်တွေ အရစ်ကျစနစ်နဲ့ ဝယ်ယူစေပါတယ်။ အဲ့ဒီနောက် သူမတို့က ငွေကို အရစ်ကျပြန်ဆပ်မယ်ပြောပြီး ကားကိုတော့ ယူပြေးပြီး အမျိုးသားတွေကိုတော့ အကြွေးတွေနဲ့ ထားခဲ့ကြတာပါ။

Busarakham ဂိုဏ်းဟာ ထိုင်းနိုင်ငံမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတယ်လို့ ရဲမှူးချုပ် Theeradet က ပြောကြားခဲ့ပြီး နိုင်ငံရဲ့ အလယ်ပိုင်း၊ အနောက်နဲ့ အရှေ့ပိုင်းဒေသတွေက အမျိုးသားတွေကို ပိုမိုလိမ်လည်တတ်ကြတယ်လို့လည်း သိရပါတယ်။

အလိမ်ခံရသူ အမျိုးသား ၁၅ ဦးခန့်က ရဲတပ်ဖွဲ့ထံ တိုင်ကြားထားတယ်လို့သိရပြီး Dueanpen ဟာ သူမကို ရဲတွေက လာမဖမ်းခင် ထွက်ပြေးဖို့ ပြင်ဆင်နေပုံရပြီး အိတ်တွေကို ထုပ်ပိုးနေစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

Ref; Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *