October 18, 2024

၃. ၈. ၂၀၂၃
Written By Thandar

တေးရေး တေးဆို သီဟလူနဲ့ မုန်ထွယ်အောင် တို့ရဲ့ ချစ်စနိုးဘန်းစကားဖြစ်တဲ့ “မွတ်နွတ်ကွတ်ကျွတ်လေး” Lyric Video ကို သြဂုတ်လ ၄ ရက်မှာ YouTube Channel ကနေ ဖြန့်ချိမယ်လို့ MT News ကို ပြောပါတယ်။

“ ဒီသီချင်း စတင်ဖန်တီးဖြစ်တဲ့အမည် “မွတ်နွတ်ကွတ်ကျွတ်လေး” က လိုင်းပေါ်မှာလည်း ခေတ်စားနေတဲ့ စာသားလေးပါ။ တော်တော်များများက ချစ်စရာကောင်းတဲ့ ကလေးလေးကို မွတ်နွတ်ကွတ်ကျွတ်လေးလို့လည်း ခေါ်ကြတယ်။ အသည်းတုံးလေး အချစ်တုံးလေးလို့ ဖော်ညွှန်းကြတာလည်းရှိတယ်။ ထူးထူးဆန်းဆန်း စကားစုလေးလည်း ဖြစ်နေတယ်။ အရမ်းလှတဲ့ သူတွေကို တင်စားခေါ်ကြတယ်။ ချစ်စရာကောင်းတဲ့စကားစုလေးကို ယူပြီးတော့ ချစ်စရာကောင်မလေး အကြောင်းကို ရေးဖွဲ့လိုက်တာပါ။ မွတ်နွတ်ကွတ်ကျွတ်လေးကို ချစ်စရာကောင်းတဲ့ ကောင်မလေးကို ဘန်းစကားအနေနဲ့ ချစ်စနိုးခေါ်တဲ့ တင်စား နာမည်လေးလို့ဆိုရမှာပါ။ တေးဂီကက နားစွဲလွယ်တော့ သံစဉ်လေးနဲ့ ကောင်မလေးက ဘယ်လို ချစ်စရာကောင်းတယ်၊ မျက်လုံးလေးက ဘယ်လိုလေး၊ ပါးလေးမို့မို့လေးနဲ့ အလှလေးလို့ သီကုံးထားပါတယ်” လို့ တေးရေး တေးဆို သီဟလူက MT News ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-03_11-22-58-951x1024.jpg

ဒီသီချင်းကို တေးရေး သီဟလူကရေးသားထားတဲ့ အချစ်သီချင်းလေးကို M Plus Version လေးနဲ့ တီးခတ်ထားပါတယ်။ Harmony အနေနဲ့ Free Way သီဆိုထားပြီး Special Guest 6 Band တီးခတ်ထားတယ်လို့ သိရပါတယ်။ ကာတွန်းဆရာကြီး ဦးမောင်မောင်အေး က “မွတ်နွတ်ကွတ်ကျွတ်လေး” Lyric Video အတွက် ဇာတ်ကောင်လေးကို ဖန်တီးထားပါတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၄ ရက်မှာ သီဟလူရဲ့ YouTube Channel နဲ့ 360 beatz ကနေ တင်သွားမှာဖြစ်ပါတယ်။

“ကျွန်တော် ဒီသီချင်းလေးကို ရေးထားပြီးတော့ တစ်ယောက်ထဲ သီဆိုဖို့ ပြင်ဆင်နေရင်းက မိုခါမုန်တိုင်းသင့် ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေ ဘောလုံးပွဲမှာ မုန်ထွယ်အောင်နဲ့ ရင်းနှီးပြီး အတူတွဲသီဆိုဖြစ်ခဲ့တာပါ။ ၅၂၈ နဲ့ ၁၅၀၀ ကြားက အချစ်အကြောင်းတွေ ရေးဖွဲ့ထားတာပါ။ ကျွန်တော်က ၁၅၀၀ အချစ်ကို သီဆိုထားပြီး မုန်ထွယ်အောင်ကတော့ သမီးလေးလည်းရှိတော့ သူ့သမီးအတွက် အမှတ်တရအနေနဲ့ ၅၂၈ နေရာကို သီဆိုထားကြတာပါ”လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *