October 18, 2024

၃. ၈. ၂၀၂၃

Written by Naing Thuta

မတ္တရာမြို့နယ်တွင် ဓားထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားအလောင်းတစ်လောင်းအား ယမန်နေ့ ဩဂုတ်လ ၂ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း မတ္တရာမြို့နယ်အခြေစိုက် ပရဟိတအသင်းဖွဲ့များထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ မနက် ၈ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ လက်ဝဲကြီးကျေးရွာနှင့် လမိုင်းကျေးရွာကြား ကျေးရွာချင်းဆက်လမ်းတွင် အသက် ၃၅ နှစ်အရွယ်ခန့်ရှိသော အမျိုးသားတစ်ဦးသည် ဓားထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ဒေသခံရွာသားများက တွေ့ရှိခဲ့သောကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားသည် နောက်ကျောမှဝဲရင်အုံအထိ ဖောက်ထွက်သွားသည့် ဒဏ်ရာတစ်ချက်၊ ဝဲနားထင်ကို ထိုးသွင်း ဒဏ်ရာ တစ်ချက်နှင့် ယာဘက်မျက်ခုံးကိုလည်း ထိုးသွင်းဒဏ်ရာ တစ်ချက်စသည့်ဒဏ်ရာများ အသီးသီး ရရှိပြီး သေဆုံးနေသဖြင့် အလောင်းအား ဒေသခံပရဟိတအသင်းယာဉ်ဖြင့် မတ္တရာမြို့ ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သွားရောက်ကူညီရာတွင် ပါဝင်ခဲ့သော ပရဟိတအသင်းဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ယင်းသေဆုံးသူအလောင်း၏ ကိုယ်ရေးအချက်အလက်များအား သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်ရှိပြီး မည်သည့်အတွက်ကြောင့် သေဆုံးသွားသည်ကို မသိရှိရသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *