October 18, 2024

၃. ၈. ၂၀၂၃
Written by Ye Kyaw

အရန်ဆန်များကို တစ်အိတ် ကျပ် ၆၀,၀၀၀ နှုန်းထက် မပိုသောဈေးနှုန်းဖြင့် စက်မှုဇုန် အခြေခံအလုပ်သမားများနှင့် လစာနည်းဝန်ထမ်းများအား ကနဦးစတင်ရောင်းချသွားမည်ဖြစ်ကြောင်း ဩဂုတ်လ ၂ ရက်တွင် ပြုလုပ်သည့် အရန်ဆန်များ ဈေးကွက်အတွင်းသို ထုတ်ရောင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိင်း အစည်းအဝေးမှ သိရသည်။

အစည်းအဝေးညှိနှိင်းဆွေးနွေးမှုအရ သိုလှောင်ထားပြီးသော အရန်ဆန်များကို သက်သာသော ဈေးနှုန်းဖြင့် စက်မှုဇုန်မှ အခြေခံအလုပ်သမား မိသားစုများ၊ ဌာနဆိုင်ရာ လစာနည်းဝန်ထမ်းများအား ရောင်းချပေးခြင်း၊ လုပ်သားပြည်သူများသို့ ဆန်ကုန်စည်ဒိုင်များ၊ စည်ပင်သာယာဈေး အရောင်းဆိုင်များမှတဆင့် ရောင်းချပေးခြင်း အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-08-03_10-45-39.jpg

၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ကြေညာထားသော ဆန်အိတ် ၅၀,၀၀၀ (Well Milled, Polished & Sortexed) ၂၅%အဆင့် ဧည့်မထဆန်များကို တစ်အိတ်လျှင် ကျပ် ၆၀,၀၀၀ နှုန်းထက် မပိုသောဈေးနှုန်းဖြင့် ကနဦးစတင်ရောင်းချရန် စီစဉ်သွားမည် ဟု ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အထွေထွေ အတွင်းရေးမှူး အပါအ၀င် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ အသင်းချုပ်၏ ဆန်ပြည်ပတင်ပို့မှု ဖွံဖြိုးရေး ကော်မတီဝင်များ၊ ပြည်ပဆန်တင်ပို့နေသည့် Exporter ကုမ္ပဏီကြီးများ ပါဝင်တက်ရောက်ခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *