October 18, 2024

၃. ၈. ၂၀၂၃
Written by Pan Ei

တောင်ကိုရီးယားနိုင်ငံက နာမည်ကျော် အမျိုးသမီးအဆိုရှင်အဖွဲ့ Blackpink ရဲ့ အဖွဲ့ဝင် Jisoo နဲ့ တောင်ကိုရီးယား မင်းသားချော Ahn Bo Hyun တို့ တွဲနေကြပြီဆိုတဲ့ သတင်းကို Dispatch က ဒီနေ့မှာ ထုတ်ဖော်လိုက်ပါတယ်။

သူတို့နှစ်ယောက်တွဲနေကြတယ်ဆိုတဲ့ သတင်းကို Dispatch က Jisoo ရဲ့အိမ်မှာ တွေ့ဆုံပြီး ပြန်ထွက်လာတဲ့ ကြယ်ပွင့်နှစ်ယောက်ရဲ့ ဓာတ်ပုံတွေကို မျှဝေပြီး ထုတ်ပြန်ခဲ့တာပါ။

This image has an empty alt attribute; its file name is photo_2023-08-03_10-10-09.jpg

အဆိုပါ Jisoo နဲ့ Ahn Bo Hyun တို့ ချစ်သူတွေဖြစ်နေကြဆိုတဲ့ သတင်းကို Jisoo ရဲ့ အေဂျင်စီ YG Entertainment နဲ့ Ahn Bo Hyun ရဲ့ အေဂျင်စီ FN Entertainment တို့ကပါ အတည်ပြုပေးခဲ့ကြပြီး “သူတို့ဟာ အပြုသဘောဆောင်တဲ့ ခံစားချက်တွေနဲ့ အချင်းချင်း သိလာနေကြပါပြီ။ နွေးထွေးစွာနဲ့ ကြည့်ရှုပေးကြမယ်ဆိုရင်တော့ ကျေးဇူးတင်မိမှာပါ” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

မင်းသား Ahn Bo Hyun က မကြာသေးမီက ပြသပြီးစီးခဲ့တဲ့ “See You in My 19th Life” ဇာတ်လမ်းတွဲမှာ ဇာတ်ဆောင်မင်းသားအနေနဲ့ ပါဝင်ခဲ့ပြီး “Yumi’s Cells”၊ “Itaewon Class” စတဲ့ နာမည်ကြီး ဒရမ်မာပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီး မင်းသားတစ်လက်လည်းဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းလုံးမှာ ပရိသတ် သန်းပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ Blackpink အဖွဲ့ဝင် Jisoo နဲ့ နာမည်ကြီး မင်းသား Ahn Bo Hyun တို့ ကြယ်ပွင့် နှစ်ဦးရဲ့ တွဲနေကြတဲ့ သတင်းကို ပရိသတ်တွေက အားပေး ဂုဏ်ပြုလျက်ရှိကြပါတယ်။

Ref; Soompi

Leave a Reply

Your email address will not be published. Required fields are marked *