October 18, 2024

အာဆီယံအပေါင်းနိုင်ငံ ၁၂ နိုင်ငံမှ တပ်မတော်အရာရှိကြီးများ တက်ရောက်

၃. ၈. ၂၀၂၃
Written by Nay Moe

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင် လုပ်ငန်းအဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်း (Table Top Exercises) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်ပြီး ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ်တံဆိပ်အား Touch Screen ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ အဖွင့်မိန့်ခွန်းပြောကြားသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် စားပွဲတင်လေ့ကျင့်ခန်းသို့ တက်ရောက်လာသည့် အာဆီယံ နိုင်ငံများ၊ ဆွေးနွေးဘက်နိုင်ငံများမှ ကိုယ်စားလှယ်များသည်အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး မြန်မာ-ရုရှား ပူးတွဲ ဥက္ကဋ္ဌများ ဦးဆောင်ကာ လေ့ကျင့်ခန်း အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ကြသည်။

အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ စားပွဲတင်‌လေ့ကျင့်ခန်း (Table Top Exercises)သို့ အာဆီယံအပေါင်းနိုင်ငံ ၁၂ နိုင်ငံမှ တပ်မတော် အရာရှိကြီးများ ပါဝင်တက်ရောက်လျက်ရှိသည်။

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဘက် နိုင်ငံများ၏ တပ်ဖွဲ့ဝင်များအကြား ထိတွေ့ဆက်ဆံမှု၊ နားလည်မှု၊ ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသတွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တက်ကြွစွာ ဆောင် ရွက်လျက် ရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *