October 18, 2024

MT News

Written By Thandar

ဒါရိုက်တာ မင်းဦး ဖန်တီးထားတဲ့ “ကိုယ်ပွား”ရုပ်ရှင်ဇာတ်ကားစာနယ်ဇင်း မိတ်ဆက်ပွဲနဲ့အတူ ပရိသတ်ရှေ့ကို မင်းသမီးနေခြည်ဦး ပြန်ရောက်ရှိလာတာလည်းဖြစ်ပါတယ်။

အောင်ခေတ်မင်းရုပ်ရှင်ထုတ်လုပ်ရေးက အဆိုပါ ရုပ်ရှင်ကားမိတ်ဆက်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ရှိ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။

“ပရိသတ်ရှေ့ ပြန်ထွက်လာရတဲ့ပွဲမို့ နေခြည် ရင်တွေခုန်နေပါတယ်။ ကိုယ်ပွားက နေခြည်အတွက် ၄ ကားမြောက် ရုပ်ရှင်ကားကြီးပါ။ ပရိသတ်ရှေ့ကို ၃ နှစ်ကျော်မှ ပြန်ထွက်လာတယ်လို့လည်း ပြောလို့ရပါတယ်။ ဒီကားမှာ နေခြည်က ရောင်နီအနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်” လို့ သရုပ်ဆောင် နေခြည်ဦးက ပြောပါတယ်။

This image has an empty alt attribute; its file name is 364677228_249793961339462_3252701055796586426_n.jpg

ဒီဇာတ်ကားမှာအဓိကသရုပ်ဆောင်‌အနေနဲ့ ကျော်ထက်အောင် (နှစ်ကိုယ်ခွဲ)၊ နေခြည်ဦး၊ ယမုံ၊ မင်းဦး၊ ချာလီ၊ ကောင်းစစ်သွေး၊ မင်းပိုင်၊ ထွန်းအိန္ဒြာဗို၊ မြတ်ကေသီအောင်၊ လီလီကျော်ခိုင်၊ ချစ်စနိုးဆု နဲ့ သရုပ်ဆောင်များပါဝင်ထားပါတယ်။

လွန်းထားထား(ဆေးတက္ကသိုလ်)ရဲ့ဝတ္ထုကို ဇာတ်ညွှန်းမိုးနီလွင်ကရေးသားထားပြီး သရုပ်ဆောင် ဒါရိုက်တာ မင်းဦးရဲ့ အချစ်၊ ဒရာကြိုက်သူတွေ့ အကြိုက်တွေ့မယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

“ကိုယ်ပွား” ရုပ်ရှင်ကားကို ဩဂုတ်လ ၁၁ ရက်ကစပြီး အဆင့်မြင့် ရုပ်ရှင်ရုံကြီးများမှာ စတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *