October 18, 2024

MT News

Written by Nay Aung

GEAPP အဖွဲ့က ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတဝှမ်းတွင် ဆိုလာစွမ်းအင်သုံး စီမံကိန်းများ လုပ်ဆောင်နိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၆၀ ရင်းနှီးမြှုပ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

Global Energy Alliance for People and Planet (GEAPP) အဖွဲ့က ၎င်းတို့အနေဖြင့် လျှပ်စစ်ဓာတ်အား ၅၇ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် ဆိုလာစွမ်းအင်စီမံကိန်း ၁၀၀ ကို မြန်မာနိုင်ငံတွင် လုပ်ကိုင်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း ဆိုသည်။ GEAPPသည် မြန်မာနိုင်ငံ၏ စီးပွားရေးတွင် လျှပ်စစ်ဓာတ်အားရရှိစေရန်အတွက် လာမည့်သုံးနှစ်အတွင်း Smart Power Myanmar ကို ကူညီထောက်ပံ့ပေးမှုများလုပ်ဆောင်သွားမည်ဖြစ်သည်။ GEAPP နှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့သော SPM သည် ပြည်တွင်းဘဏ်များနှင့်ပူးပေါင်းပြီး ကုန်သွယ်ရေးနှင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများကိုလည်း ကူညီထောက်ပံ့ပေးမှုများနှင့် နည်းပညာပိုင်းဆိုင်ရာအကူအညီများ ပံ့ပိုးကူညီသွားဖွယ်ရှိနေကြောင်း သိရသည်။

အမေရိကန်ဒေါ်လာသန်း ၆၀ ရင်းနှီးမြှုပ်နှံမည့် ဆိုလာစီကိန်းသည် မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၇၂၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မည်ဖြစ်သလို လူပေါင်း ၆ သိန်းကျော်၏ ရှင်သန်နေထိုင်မှုများအတွက်လည်း လျှပ်စစ်မီးရရှိမှု ပိုမိုကောင်းမွန်လာဖွယ်ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းပေါင်း ထောင်ချီသည် လျှပ်စစ်မီးကို မှီခိုနေရပြီး လျှပ်စစ်မီးလုံလောက်စွာမရသည့်အတွက် စီးပွားရေးလုပ်ငန်းများသည် လုပ်ငန်းများလျှော့ချရခြင်း၊ ပိတ်သိမ်းရခြင်းများရှိခဲ့ရာ စီးပွားရေးထိခိုက်မှုများဖြစ်ခဲ့ရသလို လူအများ၏ ရှင်သန်နေထိုင်မှုများကိုလည်း ထိခိုက်စေခဲ့ကြောင်း သိရသည်။

Ref- saurenergy

Leave a Reply

Your email address will not be published. Required fields are marked *