၂. ၈. ၂၀၂၃
Written by Nay Aung
ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများသည် သြဂုတ် ၁ ရက်နေ့တွင် မြန်မာနိုင်ငံသားတစ်ဦးကို မလေးရှားနိုင်ငံကူး လက်မှတ်အတု ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဖမ်းဆီးခံရသော အသက် ၂၉ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ချမ်းကွန်က ၎င်းသည် ထိုင်းနှင့် မြန်မာနယ်စပ်ဒေသ ချင်းရိုင်ဒေသသို့ တောလမ်းမှတစ်ဆင့် ဝင်ရောက်လာခဲ့ပြီး ဘန်ကောက်မြို့တွင် အလုပ်လုပ်ရန် တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံပြောဆိုထားသည်။
၎င်းသည် ထိုင်းနိုင်ငံကိုရောက်ရှိခဲ့ပြီးနောက် မလေးရှားနိုင်ငံကူး လက်မှတ်ကို ထိုင်းဘတ် ၉၅၀၀၀ဝ ဖြင့် ရောင်းချရန် ကြားပွဲစားဖြင့် သဘောတူညီမှုရရှိခဲ့ကြောင်း၊ မလေးရှားနိုင်ငံကူးလက်မှတ်အတုကို ရောင်းချရန်သွားရောက်ချိန်တွင် လမ်းမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့တာဝန်ရှိသူများ၏ စစ်ဆေးခြင်းခံရကြောင်း သိရသည်။ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့တာဝန်ရှိသူများသည် ချမ်းကွန် ပြသခဲ့သော နိုင်ငံကူးလက်မှတ်ကို သံသယရှိခဲ့ပြီး မလေးရှားဘာသာစကားဖြင့် ပြောဆိုခြင်းများ ရှိခဲ့ရာချမ်းကွန်က မလေးရှားဘာသာစကားကို ပြောဆိုနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
ထိုင်းလူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူများသည် ချမ်းကွန်၏ မလေးရှားနိုင်ငံကူးလက်မှတ်ကို စက်များဖြင့် ထပ်မံစစ်ဆေးခဲ့ရာ အတုဖြစ်နေခြင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြောသည်။ ထိုင်းအာဏာပိုင်များသည် ချမ်းကွန်ကို ဖမ်းဆီးပြီး ထိုင်းနိုင်ငံအတွင်း တရားဝင်ခွင့်ပြုချက်မရဘဲနေထိုင်ခြင်း၊ တရားမဝင် ဝင်ရောက်ခြင်းစွဲချက်များအပြင် အများပြည်သူကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံကူးလတ်မှတ်အတု ကိုင်ဆောင်ပြုလုပ်ခြင်း စွဲချက်တို့ဖြင်လည်း ထပ်မံစွဲချက်တင်ခဲ့ကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များသည် ထိုင်းနိုင်ငံသား Mr Hilmy ကိုလည်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော နိုင်ငံခြားသားကို ကူညီထောက်ပံ့ပေးသောပြစ်မှု ဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်း လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများသည် မြန်မာနိုင်ငံသားချမ်းကွန် နှင့် ထိုင်းနိုင်ငံသားတို့ကို Padang Besar ရဲစခန်းထံ လွှဲပြောင်းပေးထားပြီး ထပ်မံစစ်ဆေးသွားဖွယ်ရှိနေကြောင်း သိရသည်။
Ref- MGR online