October 18, 2024

၂၉. ၇. ၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါစက်မှုဇုန်ရှိ ချည်လုံးစက်ရုံတစ်ရုံတွင် ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ကျဝန်ထမ်းတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်း ၉ နာရီခွဲအချိန်က သီလဝါစက်မှုဇုန်ရှိ ကနောင်မင်းသားကြီးလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၁၀ နာရီ ၁၉ မိနစ်အချိန်တွင် မီးလုံးဝ ငြိမ်းသွားခဲ့ကြောင်းလည်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-07-29_11-41-34.jpg

“မီးလောင်တဲ့ အဆင့်ကတော့ Level 1 ဖြစ်ပါတယ်။ (ဘယ်ကနေ စလောင်တယ် ဆိုတာနဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကတော့) မသိရသေးပါဘူး။ အခုမှ စစ်ဆေးတုန်း ရှိဦးမှာပါ။ ကျွန်တော်တို့က နောက်တန်းဆိုတော့ စစ်ဆေးပြီးမှ အတည်ပြုလို့ ရမှာပါ” ဟု အထက်ပါ တာဝန်ကျ ဝန်ထမ်းက ဆိုသည်။

မီးလောင်ရာနေရာသို့ တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *