October 18, 2024

ဓာတ်ပုံ - ဦးလှမိုးတာချီလိတ် လူမှုကူညီရေးအသင်း

၂၉. ၇ .၂၀၂၃
Written by Hey Mar

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ရန်ကုန်ရွာမှ အသက် ၆၀ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး မနေ့က ဇူလိုင် ၂၈ ရက် ညနေ ၃နာရီဝန်းကျင်ခန့်မှာ ကျွဲခတ်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

သေဆုံးသူဟာ ဦးအားဒေါင်ဖြစ်ပြီး ကျွဲခတ်ခံရတဲ့အတွက် ကျောပြင် ပေါက်ပြဲ၊ ဝမ်းဗိုက်ပေါက်ပြဲ ဒဏ်ရာတွေအပြင်၊ ပေါင်အရိုး ထိခိုက်ဒဏ်ရာတွေရရှိကာ ကွယ်လွန်သွားခဲ့တာလို့ သိရပါတယ် ။

“ရွာက ဖြစ်ပြီး သေလို့ သုံး၊ လေး နာရီလောက်ကြာမှ ကျွန်တော်တို့အဖွဲ့ကို နာရေးအတွက် ကူညီပါဆိုလို့ သွားရောက်ဝိုင်းဝန်းပေးတာပါ။ ဘာကြောင့် ဘယ်လို ဖြစ်သွားတယ်တော့ သေချာ မသိပါဘူးလို့” ဦးလှမိုးတာချီလိတ်လူမှုကူညီရေးအသင်းက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *