October 18, 2024

MT News

Written by Min Mahar

ပခုက္ကူမြို့၊ ရွှေချောင်းအဝိုင်းတွင် ဇူလိုင် ၂၇ ရက် ညနေပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ယာဉ်များအား စစ်ဆေးနေစဉ် PDF တစ်ဦးမောင်းနှင်လာသော ဆိုင်ကယ်တစ်စီးသည် မရပ်ပေးဘဲ ဒုန်းစိုင်းမောင်းပြေးသွားသည့်အတွက် လိုက်လံပစ်ခတ်ဖမ်းဆီးရာ ကျည်ထိမှန်သေဆုံးသွားပြီး ယင်းထံမှ ပစ္စတို ၁ လက်နှင့်အခြားပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၇ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရွှေချောင်းအဝိုင်းတွင် ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယာဉ်များအား စစ်ဆေးနေစဉ်အတွင်း PDF အဖွဲ့မှ အမျိုးသားလူငယ်တစ်ဦးမောင်းနှင်လာသော ဆိုင်ကယ် ၁ စီးသည် အစစ်ဆေးမခံဘဲ ဒုန်းစိုင်းမောင်းကာထွက်ပြေးသွားသည့်အတွက် လုံခြုံရေးအဖွဲ့များကလည်း ထွက်ပြေးသည့်ဆိုင်ကယ်နောက်သို့ မော်တော်ယာဉ်တစ်စီးဖြင့်ချက်ချင်း လိုက်လံပစ်ခတ်ဖမ်းဆီးရာ ကျည်ထိမှန်သေဆုံးသွားပြီး ၎င်းဆိုင်ကယ်တူးဘောက်ထဲမှ လက်လုပ်ပစ္စတို ၁ လက်၊ ကျည် ၅ တောင့်၊ ဖုန်း ၁ လုံးနှင့် ဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းသွားကြောင်း သိရသည်။

အဆိုပါသေဆုံးသွားသည့် ရုပ်အလောင်းအား ဒေသခံလူမှုကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် ပခုက္ကူမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *