October 18, 2024

MT News

Written by Naing Thuta

ချမ်းမြသာစည်မြို့နယ်ရှိ ပုဂ္ဂလိကပိုင်မြေကွက်များတွင် ကျူးကျော်နေထိုင်သည့် နေအိမ် ၅၂ လုံးအား မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲဲ့မှ ယနေ့ (တတိယမြောက်နေ့) မနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ ထပ်မံဖြိုဖျက် ရှင်းလင်းဖယ်ရှားခဲ့သည့်အတွက် လူဦးရေ ၂၉၃ ဦးခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း မြို့ခံပြည်သူများပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဇူလိုင် ၂၇ ရက်) မနက် ၉ နာရီမှ ၁၁ နာရီ ၄၀ မိနစ်အထိ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၃)ရပ်ကွက်၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြား၊ အကွက်အမှတ်(ဈ-၇)၊ ဦးပိုင်အမှတ်(၁-ခ)၊ (၄-ခ)မှ (၉-ခ) အထိ ပုဂ္ဂလိကပိုင်မြေကွက်များတွင် တရားမဝင်ကျူးကျော်နေထိုင်သည့် နေအိမ် ၂၂ လုံး (ယာယီ ၂၀ လုံး၊ အခိုင်အမာ ၂ လုံး) အား မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲဲ့မှ ဖြိုဖျက်ရှင်းလင်းခဲ့သောကြောင့် အိမ်ထောင်စု ၂၁ စုမှ လူဦးရေအမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၁၀၄ ဦး၊ စုစုပေါင်း ၁၆၇ ဦးတို့ကို ဖယ်ရှားခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is 363308679_149983441452472_5383439173974024134_n.jpg

အလားတူပင် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်မှ ၂ နာရီ ၃၀ မိနစ်ခန့်အထိ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၁၀၁ လမ်းနှင့် ၁၀၅ လမ်းကြား၊ အကွက်အမှတ်(ဏ-၉)၊ ဦးပိုင်အမှတ် (၅-ခ)မှ(၁၃-ခ)ထိ ပုဂ္ဂလိကပိုင်မြေကွက်များအတွင်း တရားမဝင်ကျူးကျော်နေထိုင်သည့် နေအိမ် ၃၀ လုံး(ယာယီ) တို့အား ဖြိုဖျက်ရှင်းလင်းခဲ့သဖြင့် အိမ်ထောင်စု ၃၀ စုမှ လူဦးရေ အမျိုးသား ၆၆ ဦး၊ အမျိုးသမီး ၆၀ ဦး၊ စုစုပေါင်း ၁၂၆ ဦးတို့ကိုဖယ်ရှားခဲ့ကြောင်း မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထံမှ သိရသည်။

အဆိုပါမြို့နယ်တွင် ကျူးကျော်နေထိုင်သည့် နေအိမ်များအား ဇူလိုင်လ ၂၅ ရက်နေ့မှစတင်ကာ ယနေ့အထိ နေအိမ် ၁၈၄ လုံးခန့်အား ဖြိုဖျက်ရှင်းလင်းခဲ့သောကြောင့် အိမ်ထောင်စု ၁၈၃ စုတို့မှ လူဦးရေ ၁၀၃၀ ဦးခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *