October 18, 2024

MT News

Written by Pan Ei

လူအများစုဟာ သရက်သီးစားပြီးရင် သရက်သီးအစေ့တွေကို လွှင့်ပစ်ကြတတ်သလို အပင်ပြန်စိုက်ကြသူတွေလည်းရှိပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက လူငယ်တချို့ကတော့ အဲ့ဒီလိုမဟုတ်ခဲ့ပါဘူး။ သူတို့ကတော့ သရက်သီးအစေ့ကို အခြောက်ခံပြီး အိမ်မွေးတိရစ္ဆာန်လိုမျိုး တယုတယနဲ့ မွေးကြတာပါ။

သူတို့ရဲ့ အဲ့ဒီလို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးကြတဲ့ ဝါသနာဟာ မကြာသေးမီက တရုတ်လူမှုမီဒီယာပလက်ဖောင်းအမျိုးမျိုးမှာ ပျံ့နှံ့လာခဲ့ရာမှာတော့ နိုင်ငံအတွင်း အတော်လေးကို ရေပန်းစားလာခဲ့ပါတယ်။

သရက်သီးစေ့ခြောက်ကို မွေးရတာဟာ ခွေးနဲ့ ကြောင်တွေကို မွေးမြူရတာနဲ့ အတူတူပဲလို့ တချို့က ပြောကြသလို ပုံမှန်မဟုတ်တဲ့ ဝါသနာကို ဘာကြောင့် နှစ်သက်ကြတာလဲဆိုတာကိုလည်း သူတို့က မျှဝေကြပါတယ်။

This image has an empty alt attribute; its file name is 363364631_246462281672630_4592730876587545491_n.jpg

အံ့သြစရာကောင်းတာက ဒီအိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေက ကုထုံးဆိုင်ရာအကျိုးကျေးဇူးတွေရရှိကြောင်းကိုလည်း ဖော်ပြပြီး ရေဆေးထားတဲ့ သရက်သီးခြောက်တွေကို ကိုင်တွယ်တာဟာ စိတ်ကို ပြေလျော့စေသလို စိတ်ဖိစီးမှုကို သက်သာစေတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြကြပါတယ်။

သရက်သီးစေ့ခြောက် အိမ်မွေးတိရစ္ဆာန်တွေကို ပြုစုပျိုးထောင်တဲ့ လုပ်ငန်းစဉ်က လွယ်တော့ မလွယ်ကူနေပါဘူး။ ပထမအနေနဲ့ အစေ့ကို သရက်သီးတွေ လုံးဝကုန်စင်သွားအောင် သွားတိုက်တံနဲ့ ဖယ်ရှားပေးရပါတယ်။ အဲ့ဒီနောက်မှာ ဆေးကျောပြီး မှိုနဲ့ ပိုးမွှားတွေ မပေါက်ပွားနိုင်အောင် နေပူထဲမှာလည်း အခါခါ လှမ်းပြီး အလှဆင်ကြတာပါ။

သမာရိုးကျမဟုတ်တဲ့ အဲ့ဒီ ဝါသနာကို အင်တာနက်အသုံးပြုသူအချို့က အချိန်ဖြုန်းနေကြတာလို့ မှတ်ချက်ပေးခဲ့သလို အချို့ကလည်း ဒါက စိတ်ဖိစီးမှုလျော့ကျစေတာကြောင့် ပျော်စရာကောင်းစေမှာပါလို့ တခြားတစ်ယောက်ကလည်း ရေးသားခဲ့ပါတယ်။

Ref; The Straits Times

Leave a Reply

Your email address will not be published. Required fields are marked *