October 18, 2024

၂၈. ၇. ၂၀၂၃
Written by Kyaw Soe Moe (Pyapon)

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သရော်ချောင်းကျေးရွာအုပ်စု၊ ဘောဂဝတီ lကျေးရွာတွင်နေထိုင်သော အသက်(၃၅)နှစ်အရွယ်ရှိ ရေလုပ်ငန်းလုပ်ကိုင်သူ ကိုရဲနိုင်သည် ယမန်နေ့ ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်း၌ ဘောဂဝတီချောင်းအတွင်း ထောင်ထားသော ပိုက်ချက်များ ပြန်လည်ဖော်ရန်နှင့် ပိုက်ဆွဲရန် လှေဖြင့် သွားရာမှ မိချောင်း ဆွဲခံခဲ့ရသည်။

မိချောင်းဆွဲသွားကြောင်း ကိုရဲနိုင်၏ ဇနီးဖြစ်သူမှ သရော်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်ပြောဆိုလာသဖြင့် အုပ်ချုပ်ရေးမှူးမှတစ်ဆင့် တာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြားခဲ့ရာ တာဝန်ရှိသူများကလည်း သရော်ချောင်းကျေးရွာအုပ်စု၊ ဘောဂဝတီကျေးရွာသို့ ထွက်ခွာသွားခဲ့ပြီး မိကျောင်းဆွဲခံရသူ၏ အလောင်းအား ကျေးရွာတာဝန်ရှိသူများ၊ ဒေသခံရေလုပ်သားများနှင့်အတူရှာဖွေခဲ့ရာ ဇူလိုင် ၂၇ ရက် နေ့လယ် ၂ နာရီခန့်တွင် ဘိုကလေးမြို့၊ နှာကြီးချောင်းအဝ၌ အလောင်းအား ပြန်လည်တွေ့ရှိခဲ့ရသည်။

This image has an empty alt attribute; its file name is photo_2023-07-28_15-32-05.jpg

ထို်ကြောင့် အလောင်းအား သက်သေများနှင့်အတူ စစ်ဆေးရာ ဝဲလည်ပင်း ပေါက်ပြဲဒဏ်ရာ၊ ယာလက်မောင်း ပေါက်ပြဲဒဏ်ရာ၊ နောက်ကျောဝဲ/ယာ ပုခုံးတို့တွင် ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ သေဆုံးသူအား ကဒုံကနိတိုက်နယ်ဆေးရုံသို့ ရဲဆေးစာဖြင့် ပေးပို့ခဲ့ရာ PR အမှတ်စဉ် ၁၀/ ၂၀၂၃ ဖြင့် ဒေါက်တာ စောကျော်ဇင်သိန်းမှ လက်ခံစစ်ဆေးခဲ့ကြောင်းနှင့် ကြိမ်ချောင်းကြီးနယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၃/၂၀၂၃)ဖြင့် သေမှုသေခင်းရေးဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိချောင်းဆွဲခံရ၍ သေဆုံးသူအတွက် ကူညီထောက်ပံ့နိုင်ရေး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အမြန်ဆုံးကူညီထောက်ပံ့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *