
၂၈. ၇. ၂၀၂၃
Written by Pan Ei
အော်စကာဆုရှင် နာမည်ကြီး မင်းသမီး မီရှဲယိုလ် (Michelle Yeoh) ဟာ ၁၉ နှစ်ကြာတွဲခဲ့တဲ့ Jean Todt နဲ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဇူလိုင် ၂၇ ရက်က လက်ထပ်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၆၀ အရွယ် Michelle Yeoh နဲ့ အသက် ၇၇ နှစ်အရွယ် Jean Todt တို့ဟာ ၂၀၀၄ ခုနှစ် ဇွန်လ ၄ ရက်မှာ စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး စတွေ့ပြီး ရက်ပေါင်း ၆,၉၉၂ အကြာမှာ လက်ထပ်ခဲ့ကြတာဖြစ်သလို သူတို့စုံတွဲဟာ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ကတည်းက စေ့စပ်ထားခဲ့ကြတာပါ။
Jean Todt ဟာ ၁၉၉၃ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ Scuderia Ferrari ကားမောင်းအသင်းရဲ့ အထွေထွေမန်နေဂျာတစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိလည်း အဲ့ဒီအသင်းရဲ့ စီအီးအိုတစ်ဦးဖြစ်ခဲ့သူပါ။ အဲ့ဒီနောက်မှာ ၂၀၀၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ဖော်မြူလာဝမ်း အပါအဝင် ကားမောင်းအားကစားအဖွဲ့ရဲ့ အုပ်ချုပ်မှုအဖွဲ့ FIA ရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသေးတယ်။
The Lady ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေအကြား လူသိများတဲ့ Michelle ဟာ ၁၉၉၀ ပြည့်နှစ်တွေကတည်းက သူမရဲ့ ကိုယ်ခံပညာနဲ့ ကျော်ကြားခဲ့တဲ့ အာရှမင်းသမီးတစ်ဦးဖြစ်ပြီး ဟောလ်ဝုဒ်ထိပါ ထိုးဖောက်နိုင်ခဲ့ကာ အခုနှစ်စပိုင်းမှာလည်း Everything Everywhere All At Once ဇာတ်ကားနဲ့ အော်စကာဆုရော၊ ရွှေကမ္ဘာလုံးဆုတို့ကိုပါ ရရှိခဲ့ပါတယ်။
Michelle ဟာ ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင် Dickson Poon နဲ့ ၁၉၈၈ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အထိ လက်ထပ်ခဲ့ဖူးပြီး Jean Todt ရဲ့ အရင်အိမ်ထောင်က ရရှိခဲ့တဲ့ သားဖြစ်သူ Nicolas Todt ကလည်း သူမတို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့ပါတယ်။
Ref; Asia One

