October 18, 2024

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် တွေ့ခွင့်ပြုပြီး တရုတ်အစိုးရ၏ အာရှရေးရာအထူးသံတမန်နှင့်ပါ တွေ့ခွင့်ရဖွယ်ရှိ

၂၈. ၇. ၂၀၂၃
Translated by Htwe Ko Tun

မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာထိန်းသိမ်းခြင်းမပြုမီ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ အာဏာရယူထားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိ နစက အစိုးရက အကျဉ်းထောင်ကနေ နေပြည်တော်ရှိ အစိုးရအဆောက်အအုံတစ်ခုဆီ ပြောင်းရွှေ့လိုက်ပြီလို့ AFP အပါအဝင် ပြည်ပသတင်းဌာနတွေမှာ ဖော်ပြနေပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင် ၂၄ ရက် ညက အဆင့်မြင့်နေရာ ခြံဝင်းတစ်ခုအတွင်း ပြောင်းရွှေ့နေရာချထားခဲ့တယ်” လို့ အမည်မဖော်လိုသူ NLD ပါတီ တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနကို ဇူလိုင်လ ၂၈ ရက်မှာ အတည်ပြု ပြောခဲ့ပါတယ်။

သူက ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးတီခွန်မြတ်နဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံကို လာရောက်လည်ပတ်လျက်ရှိတဲ့ တရုတ် အစိုးရရဲ့ အာရှရေးရာအထူးသံတမန် တိန်ရှီဂျန်(Deng Xijuan) နဲ့လည်း တွေ့ဆုံကောင်းတွေ့ဆုံနိုင်တယ်လို့ ဆိုပါတယ်။

NLD ရဲ့ တခြားသတင်းအရင်းအမြစ်တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ အရေးကြီးပုဂ္ဂိုလ်များခြံဝင်းတစ်ခုသို့ ရွှေ့ပြောင်းထားတယ်လို့ ဆိုပြန်ပါတယ်။

ဇူလိုင်လအတွင်းမှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သူကိုယ်တိုင်လည်း နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်ခေါက် တွေ့ဆုံဆွေးနွေးမှုပြုခဲ့သေးတယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။ နစက အစိုးရကလည်း အဲဒီလိုတွေ့ဆုံခဲ့တယ်ဆိုတာမှန်ပြီး တွေ့ဆုံချိန်က တစ်နာရီကျော်ကြာမြင့်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ဒါပေမယ့် နစက အစိုးရ အနေနဲ့ ဘာတွေဆွေးနွေးကြလဲ မသိဘူးလို့လည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာသတင်းဌာနတချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက်တိုက်ခိုက်သ-တ်ဖြတ်မှုတွေ လုပ်နေတဲ့ NUG နဲ့ PDF ကို အသိအမှတ်လည်းမပြု ထောက်ခံမှုလည်း မရှိဘူးလို့ ပြောတဲ့အကြောင်း သတင်းဖော်ပြခဲ့ပါတယ်။
Ref—-AFP

Leave a Reply

Your email address will not be published. Required fields are marked *