October 18, 2024

၂၈. ၉. ၂၀၂၃
Written By Thandar

ဂီတပိုင်းမှု အောင်မြင်မှုများစွာ ရရှိနေတဲ့ တေးရေး တေးဆို မေလသံစဥ်က တေးတစ္ဆေဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး အက်ရှင်ကားရိုက်ခဲ့မယ်ဆိုရင် လူစားထိုးမရိုက်ချင်ဘဲ ဒူးပြဲပြဲ ဘာဖြစ်ဖြစ် ကိုယ့်ဟာကိုယ်ပဲလုပ်ချင်တယ်လို့ ဖွင့်ဟလာပါတယ်။

“မေလ ဒီဇာတ်ကားမှာ အချစ်တွေ အမုန်းတွေ မဟုတ်ဘဲ အဆိုတော်တွေနဲ့ပဲ ရိုက်မယ့် Musical Series လေးပါ။ သီချင်းတွေ တီးမယ်။ Drum တီးထားတယ်။ မေလက စီးရီးအနေနဲ့ အခု ပထမဆုံးရိုက်မှာပါ။ တစ်ကားလုံးအဆိုတော်တွေနဲ့ပဲ သွားတာဆိုတော့ Musical Series လေးမို့ သီချင်းလေးတွေ အကုန်လုံး ထည့်ထားပါတယ် ။ အုပ်စိုးခန့်တို့လည်း ပါမှာပါ။ တေးတစ္ဆေ Series လေးပါ။ တေးသီချင်း တီးခတ် သီချင်းဆိုရတဲ့ အဆိုတော် တစ်ယောက်အနေနဲ့ပါဝင်ရမှာပါ။ သီချင်းဆိုတဲ့သူဆိုတဲ့သူဖြစ်တော့ ရုပ်ရှင်ပိုင်းမှာ Music နဲ့ ပတ်သက်ပြီး ရိုက်ကူးရမှာမို့ စိတ်အရမ်းလှုပ်ရှားတယ်။ ကိုယ်လည်း ဂစ်တာတီးတို့ ဘာတို့ကို လေ့ကျင့်ရမယ်။ တစ်ကားလုံးက သီချင်းတွေနဲ့ပဲ သွားမှာမို့လို့ အခက်အခဲလည်း ရှိနိုင်ပါတယ်”လို့ ‌အဆိုတော် မေလသံစဉ်ကပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-28_12-14-48-683x1024.jpg

သူမကတော့ အနုပညာနဲ့ပတ်သက်ရင် သရုပ်ဆောင်ပိုင်းကို ဝါသနာပါပေမယ့် ဂီတပိုင်းပိုလုပ်ဖြစ်တာများသွားလို့ တေးသီချင်းတွေ ပိုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ Hey Play Application က ရိုက်ကူးတင်ဆက်မယ့် ဇာတ်လမ်းတွဲ ၁၀ ကားကျော်ထဲက သူမပါဝင်သရုပ်ဆောင်မဲ့ “တေးတစ္ဆေ ” ဇာတ်လမ်းတွဲကလည်း တစ်ကားပါဝင်နေတာပဲဖြစ်ပါတယ်။

“မေလက သရုပ်ဆောင်ပိုးကတော့ အရမ်းပါတယ်။ ငယ်ငယ်ကဆို မင်းသမီးက ဇာတ်ကားထဲမှာ လဲသွားရင် ကိုယ်ကလည်း အပြင်မှာ ထမင်းစားနေရင်း လှဲချပစ်လိုက်တာ။ အိမ်က လူကြီးတွေလန့်သွားကြတယ်။ အိုက်တင်လေ့ကျင့်တာလေ။ အိမ်က ဆူတာအမှတ်တရပါပဲ။ ကိုယ်တိုင်ကတော့ ဖိုင်တင်တွေ အကြမ်းတွေလည်း အရမ်းသဘောကျတယ်၊ အိမ်မှာလည်း ယောက်ျားလေးဆန်ဆန်နေတာလေ။ အက်ရှင်ကားရိုက်ခဲ့မယ်ဆိုရင် လူစားထိုးမရိုက်ချင်ဘူး။ ဒူးပြဲပြဲ ဘာဖြစ်ဖြစ် ကိုယ့်ဟာကိုယ်ပဲလုပ်ချင်တယ်။ လူစားထိုးရတာမကြိုက်ဘူး။ ကြိုးစားကြည့်ချင်တယ်။ ငယ်ငယ်တုန်းက ကျွမ်းဘားတွေဘာတွေ ဆော့ဖူးတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *