October 18, 2024

တိမ်းစောင်းနစ်မြုပ်နေသော Princess Aya ရေယာဉ်ကို တွေ့ရစဉ်

၂၈. ၇. ၂၀၂၃
Translated by Htwe Ko Tun

ဖိလစ်ပိုင်နိုင်ငံ Rizal ပြည်နယ်၊ Binangonan ဒေသအတွင်း Barangay Kalinawan မြို့ကမ်းခြေတွင် Princess Aya အမည်ရှိ မော်တော်ဘုတ်တစ်စီး ဇူလိုင် ၂၇ ရက်တွင် တိမ်းမှောက်ခဲ့မှု၌ လူ ၃၀ ဦးခန့် သေဆုံးခဲ့ပြီးဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့များက လူ ၄၀ ဦးခန့်ကိုကယ်ဆယ်နိုင်ခဲ့ကြောင်း သတင်းများအရ သိရသည်။

Binangonan ဒေသအတွင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့စခန်းက Princess Aya မော်တော်ဘုတ်မှာ Barangay Kalinawan မြို့ကမ်းခြေမှ ပေ ၁၅၀ ခန့်အကွာတွင်သာတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုအဖြစ်အပျက်က ဇူလိုင်လ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ပြင်းထန်သောလေပြင်းများ ရုတ်တရက်တိုက်ခတ်မှုကြောင့် ခရီးသည်များက ရေယာဉ်၏ကမ်းခြေဘက်အခြမ်းသို့သာ စုပြုံသွားကြရာမှ တိမ်းမှောက်မှုဖြစ်ပွားစေခဲ့ခြင်းဟု ပြောကြားခဲ့ကြသည်။

ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းအထိ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်းသိရသည်။

Ref– pna

Leave a Reply

Your email address will not be published. Required fields are marked *