October 18, 2024

အရာတော်မြို့နယ် ရဲချင်းရွာ ရပ်/ကျေး ပကဖ စခန်း တိုက်ပွဲဖြစ်အပြီး မီးလောင်သွားသော ကားတစ်စီး မြင်ကွင်း (ဓာတ်ပုံ- အရာတော်ပို့စ်)

၂၇. ၇. ၂၀၂၃
Written by Nay Moe

စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်၊ ရဲချင်းကျေးရွာမှာရှိတဲ့ PDF စခန်းကို မနေ့ကမနက်ပိုင်းမှာ စစ်ကြောင်းထိုး စီးနင်းခဲ့တာကြောင့် PDF ငါးယောက်သေဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက စုံစမ်းသိရပါတယ်။

ဖြစ်စဉ်ဟာ ဇူလိုင် ၂၆ ရက် မနက် ၄ နာရီခန့်မှာ အရာတော်မြို့အနီးက ရဲချင်း(မြောက်)ရွာကို စစ်ကြောင်းထိုးစီးနင်းတာဖြစ်ပြီး NUG ဩဇာခံ ရဲချင်းကျေးရွာ ပကဖအဖွဲ့ရဲ့ စခန်း မီးရှို့ ဖျက်ဆီးခံရသလို PDF ငါးယောက်လည်း တိုက်ပွဲမှာ သေခဲ့တာလို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရာတော်ဒေသသတင်းတွေ တင်ဆက်နေတဲ့ အရာတော်ပို့စ်က သတင်း ဖော်ပြချက်မှာမနေ့က မနက်အစောပိုင်း အရာတော်မြို့နယ် ရဲချင်းရွာ ရပ်/ကျေး ပကဖ စခန်း စီးနင်းခံခဲ့ရပြီး ပကဖလေးဦး သေဆုံးသလို စခန်းတဲ နှစ်လုံး၊ သေနတ်နှစ်လက်၊ ဆိုင်ကယ်တစ်စီးနဲ့ ကားတစ်စီး မီးလောင်ဆုံးရှုံးခဲ့‌တယ်လို့ ရေးသားပါတယ်။

Telegram သတင်းချန်နယ်တွေမှာတော့ စစ်ကိုင်းတိုင်း အရာတော်မြိုနယ် နောင်ကြီးအိုင်ကျေးရွာနီး နယ်မြေလုံခြုံရေးဆောင်ရွက်ဖို့ ထွက်ခွာလာတဲ့ စစ်ကြောင်းဟာ ရဲချင်းကျေးရွာ အရှေ့မြောက်ဘက်အရောက် မသင်္ကာဖွယ် လူနေတဲ ၇ လုံးကို တွေ့ရှိတာကြောင့် ဝင်ရောက်ရှင်းလင်းချိန်မှာ PDF ၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ၅ လောင်း၊ KA ၁ လက်၊ Typ-81 ၁ လက်၊ လက်လုပ်သေနတ် ၃ လက်၊ ကျည်အိမ် ၄ ခု၊ ကျည်တောင့် ၈၀၊ လက်ပစ်ဗုံး ၃ လုံး၊ Drop Bomb ၃ လုံး၊ ဝါယာကြိုး ၁ ခွေ၊ ယမ်းမှုန့် ၁ ထုပ်၊ ဒီတိုနေတာ ၁၀ ခု၊ ဆေးပစ္စည်းမျိုးစုံ ၁ ထုပ်၊ မော်တော်ယာဉ် ၁ စီး သိမ်းဆည်းခဲ့တယ်လို့ ရေးသားပါတယ်။

စစ်ကိုင်းတိုင်းမှာ လခရစစ်ကြောင်းတွေက ဇွန်လနဲ့ ဇူလိုင်လအတွင်း စစ်ကြောင်းထိုး ရှင်းလင်းမှုတွေကြောင့် NUG ဩဇာခံ PDF စခန်းတွေ များစွာ စီးနင်းရှင်းလင်းခံထားရပြီး PDF၊ ပကခ၊ ပအဖ၊ LPDF ၁၀၀ ပတ်လည် သေဆုံးထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေ ဖော်ပြမှုအရ သိရပါတယ်။ ဒီလိုပါပဲ PDF တွေဘက်ကလည်း ဒီလိုစီးနင်းမှုကို တုံ့ပြန်တဲ့အနေနဲ့ သူတို့ ပျုရွာလို့ သတ်မှတ်ထားတဲ့ အရာတော်မြို့နယ်က ငွေတွင်းရွာကို ဇူလိုင် ၅ ရက်မှာ စီးနင်းပြီး သာမန်ပြည်သူ ၁၄ ဦးနဲ့ ကိုရင်ကြီးတစ်ပါးကို သ-တ်ဖြတ်ခဲ့မှုလည်း ဖြစ်ပွားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *