October 18, 2024

MT News

Written By Thandar

W Entertainment က ရိုက်ကူးထားတဲ့ အိမ်ထောင်ရေးဒရာမာပုံစံ “အိပ်မက်ထဲက အိပ်မက်” Season 2 ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို ဇူလိုင် ၂၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ KER Residence ရှိ JCGV Gold Class မှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်လမ်းတွဲကတော့ Season 1နဲ့ မတူဘဲ Season 2 မှာတော့ ထူးခြားမှု‌တွေနဲ့ မြင်ရမှာပါ။ ဒီဇာတ်လမ်းတွဲမှာဆိုလည်း ချောတို့ကိုယ်တိုင် တစ်ယောက်နဲ့ တစ်ယောက် မညှာဘဲ ရိုက်ခဲ့တာပါ။ ခေါင်းနဲ့ ဘီရိုနဲ့ဆောင့်တဲ့ အခန်းတွေဆိုရင်လည်း တစ်ယောက်နဲ့ တစ်ယောက် မညှာဘဲ ရိုက်ခဲ့ကြတာပါ”လို့ သရုပ်ဆောင် ချောရတနာက ပြောပါတယ်။

This image has an empty alt attribute; its file name is 357482814_245771865075005_4910308545919222611_n.jpg

ဒီဇာတ်လမ်းတွဲကို ဇာတ်လမ်း၊ ဇာတ်ညွန်း သက်ဦးမောင်က ရေးသားပြီး ဒါရိုက်တာ ပြည့်ဖြိုးနိုင်က သရုပ်ဆောင်တွေဖြစ်တဲ့ ဗညားဘုန်းမြင့်၊ ဇင်မင်းထက်၊ နေ့သစ်အေးအောင်၊ ဝေရှိုင်း၊ ဘုန်းလျှံ၊ အကယ်ဒမီ ချောရတနာ၊ သဇင်ထူးမြင့်၊ မှုးထိပ်ထား၊ ဂျီးဂျီးစတဲ့ သူတွေနဲ့ ရိုက်ကူးထားကြပါတယ်။

“Season 1ထက် ပရိသတ်တွေ ပိုပြီး အားရကျေနပ်မယ်လို့ အာမခံပါတယ်။ စောင့်ကြည့်ပြီး အားပေးကြပါလို့ ပြောချင်ပါတယ်”လို့သရုပ်ဆောင် ဗညားဘုန်းပြည့်က ပြောပါတယ်။

This image has an empty alt attribute; its file name is 363427262_245771818408343_9071698038979875473_n.jpg

“အိပ်မက်ထဲကအိပ်မက်” Season 2 ဇာတ်လမ်းတွဲကို လာမယ့် ဇူလိုင် ၃၀ ရက်က‌စတင်ပြီး အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့ ည(၇)နာရီတိုင်းမှာ Channel K ရုပ်သံလိုင်းကထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *