October 18, 2024

၂၇. ၇. ၂၀၂၃

Written by Ye Kyaw

ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီနှံများဖြစ်သည့် ပဲ၊ နှမ်း၊ နေကြာ စိုက်ပျိုးခြင်းများကို အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ဆီစက်များ အဆင်မြှင့်တင်ခြင်းလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိ၍ လာမည့်၂၀၂၅ ခုနှစ်မှစတင်ကာ စားသုံးဆီဖူလုံမှုရရှိမည်ဖြစ်ကြောင်း (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင်လ ၂၆ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃)၌ ပြောကြားခဲ့သည်။

လက်ရှိတွင် ပြည်တွင်းစားသုံးဆီလိုအပ်ချက်အတွက် စားသုံးဆီများကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာ သုံးစွဲကုန်ကျနေရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ယခုအပတ်အတွင်း ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၄,၂၃၀ ဖြစ်ကြောင်း သတ်မှတ်ထားသည်။

သို့သော် ဇူလိုင်လ ၂၆ ရက်တွင် ပြည်တွင်း၌ ပဲဆီတစ်ပိဿာ ကျပ် ၉,၀၀၀ မှ ကျပ် ၁၆,၀၀၀ ကြား၊ စားအုန်းဆီ တစ်ပိဿာ ကျပ် ၆,၈၀၀ မှ ကျပ် ၉,၅၀၀ ကြားအထိ ဖြစ်ပေါ်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *