
၂၇. ၇. ၂၀၂၃
Written By Thandar
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပင့်သံဃာဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာကို ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို)မှာ ကျင်းပခဲ့ပါတယ်။
“ဒီလိုမျိုး အလှူကတော့ အစည်းအရုံးအနေနဲ့ နှစ်စဉ် လှူဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဗဟိုနဲ့ ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုအဖွဲ့နဲ့ ဗီဒီယို အခြေခံအဖွဲ့ (ဗဟို)တို့ ပူးပေါင်းပြီး ဒီနေ့ အလှူလေးကို လှူဒါန်းဖြစ်တာပါ။ သံဃာတစ်ပါးကို အလှူငွေ လေးသောင်းစီနဲ့ ဝါဆိုသင်္ကန်း၊ ထောပတ်ထမင်းနဲ့ ဆွမ်းဟင်းကပ်လှူခဲ့ကြပါတယ်” လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဦးနှင်းမိုးက ပြောပါတယ်။
အခမ်းအနားမှာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး တရားနာယူခဲ့သလို ပင့်သံဃာတော်တွေကို ဝါဆို သင်္ကန်း ၊ ဆွမ်းခဲဖွယ်နဲ့ အချိုပွဲတွေ၊ ၀တ္ထုငွေတွေကို ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။
ဒီကပ်လှူပွဲကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း ၊ ဒုဥက္ကဋ္ဌ ဦးအေးကြူလေး၊ နာယက ဦးအောင်လွင်၊နာယက ဦးနှင်းမိုး ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူး ဦးဇော်မင်း ၊ အကယ်ဒမီ ဇော်မြင့်ဦး ၊ အကယ်ဒမီများရှင် ရန်အောင် နဲ့ အမှူဆောင် မတူး စသူတွေ တက်ရောက်ခဲ့ကြပါတယ်။




