၂၇. ၇. ၂၀၂၃
Written by Pan Ei
အမေရိကန်ပြည်ထောင်စု၊ Tennessee ပြည်နယ်၊ Sevierville မြို့အနီးမှာ ဖွင့်လှစ်ထားတဲ့ စတုရန်းပေပေါင်း ၇၄,၀၀၀ ကျော်ဝန်းပြီး Buc-ee’s လို့အမည်ရတဲ့ ဧရာမ ဓာတ်ဆီဆိုင်ကြီးဟာ ကားပေါင်း ၁၂၀ တစ်ပြိုင်ထဲ ဆီဖြည့်နိုင်ပြီး ဓာတ်ငွေ့ပန့်ပေါင်း ၁၂၀ နဲ့ ဝန်ထမ်း ၃၅၀ ရှိတယ်လို့ သိရပါတယ်။
စတုရန်းပေပေါင်း ၇ သောင်းခွဲနီးပါး ကျယ်ဝန်းတဲ့ ကမ္ဘာ့အကြီးဆုံး စက်သုံးဆီအရောင်းဆိုင်ဝန်းထဲမှာ စျေးဝယ်စင်တာကြီးတစ်ခု၊ စားသောက်ဆိုင်နဲ့ ကျယ်ဝန်းတဲ့ ရေချိုးခန်းတွေအပြင် ခရီးသွားတွေ အနားယူဖို့နေရာတွေလည်း ပါဝင်ပါတယ်။
၁၉၈၂ ခုနှစ်က လုပ်ငန်းစတင်ခဲ့တဲ့ Buc-ee’s ဟာ နာမည်ကြီး ဓာတ်ဆီဆိုင်လုပ်ငန်းတစ်ခုဖြစ်ပြီး ဆိုင်ခွဲတစ်ခုအနေနဲ့ ပြီးခဲ့တဲ့လက စတင်ဖွင့်လှစ်ခဲ့တဲ့ အဲ့ဒီ ကမ္ဘာ့အကြီးဆုံးဓာတ်ဆီဆိုင်က အခုအခါမှာ ကမ္ဘာလှည့်ခရီးသည်တွေအတွက် ဆွဲဆောင်မှုတစ်ခုအနေနဲ့ဖြစ်လာခဲ့ပြီး ခရီသွားတွေ ဘယ်လောက်များများ ကားပေါင်း ၁၂၀ တစ်ပြိုင်နက်တည်း ဆီဖြည့်နိုင်တာမို့ ကားတွေ တန်းစီစောင့်စရာတော့ လိုမယ်မထင်ပါဘူး။
ဒါပေမဲ့လည်း အဲ့ဒီကုမ္ပဏီကပဲ အမေရိကန်၊ တက္ကဆက်ပြည်နယ်၊ Luling မြို့မှာ စတုရန်းပေ ၇၅,၀၀၀ ကျယ်ဝန်းတဲ့ ဓာတ်ဆီဆိုင်ကို စတင်လုပ်ဆောင်နေပြီဖြစ်တာကြောင့် Sevierville မြို့က ဒီဓာတ်ဆီဆိုင်က ‘ကမ္ဘာ့အကြီးဆုံးဓာတ်ဆီဆိုင်’ အဖြစ် ကြာရှည်စွာ ရပ်တည်နေနိုင်မှာတော့မဟုတ်ပါဘူး။
Ref; Oddity Central