October 19, 2024

၂၇. ၇. ၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် YBS 21 ယာဥ်တစ်စီးသည် မဟာမြိုင်မှတ်တိုင်သို့ အရောက်တွင် ဝါယာရှော့ခ်ကတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး တစ်စီးလုံးနီးပါး လောင်ကျွမ်းခဲ့ကြောင်း အနာဂတ် အလင်းတန်း ပရဟိတ အသင်းမှ တာဝန်ရှိသူတစ်ဦးက သိရှိရသည့် အချက်အလက်ကို ကိုးကား၍ MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ယနေ့ ဇူလိုင် ၂၇ ရက် နံနက်ပိုင်း ၉ နာရီ ၅၅ မိနစ်အချိန်က စမ်းချောင်းမြို့နယ်၊ မဟာမြိုင် မှတ်တိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်းလည်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-07-27_12-24-52-576x1024.jpg

“မြေနီကုန်းဘက်ကနေ လှည်းတန်းဘက် အသွားလမ်းပေါ့။ အဲ့ဒီမှာ ဖြစ်တာပါ။ သူက မှတ်တိုင်ရောက်လို့ အရပ်မှာ နောက်ကနေ မီးနည်းနည်း တောက်နေတဲ့ပုံစံ တွေ့တယ်လို့ ပြောတာပေါ့။ နောက်ခန်းမှာ မီးခိုးတွေ ထွက်နေတယ်။ မီးတောက်လေး နည်းနည်း ထွက်နေတယ်ဆိုလို့ ဒရိုင်ဘာက ဆင်းကြည့်တာ။ အဲ့ဒီကနေ လောင်တာလို့ ပတ်ဝန်းကျင်က ပြောပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

စတင်လောင်ကျွမ်းသည့်ဖြစ်စဉ်ကို ကနဦး ခန့်မှန်းချက်များအရ ဝါယာရှော့ခ်ကတစ်ဆင့် မီးပွင့်ပြီး လောင်ခြင်းဖြစ်နိုင်ကြောင်း ယူဆထားသည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *