October 19, 2024

၂၇. ၇. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့တွင် ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်း လူအသွားအလာများသော အချိန် တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ မိုးပျံဝန်ချီစက်ကြီးတစ်ခု၏ ထိပ်ဆုံးအစိတ်အပိုင်းမှာ မီးလောင်၍ မန်ဟတ်တန်ရပ်ကွက်၊ လမ်းတစ်ခုအတွင်းသို့ ပြိုကျမှုဖြစ်ပွားခဲ့ရာ လူခြောက်ဦးဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့ကြသည်။

မိုးပျံဝန်ချီစက်ကြီး ပြိုလဲရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များရောက်ရှိလာခဲ့ကြပြီး မိုးပျံဝန်ချီစက်၏ ထိပ်ဆုံးအပိုင်းကို ပြိုကျစေခဲ့သော ဝန်ချီစက်မောင်းနှင်သူ အခန်းအတွင်း ပေါက်ကွဲမီး လောင်မှုအား တုံ့ပြန်ငြှိမ်းသတ်နိုင်ရန် ဆောင်ရွက်ခဲ့ကြသည်။

This image has an empty alt attribute; its file name is photo_2023-07-27_11-31-43.jpg

ထိုဖြစ်ရပ်က ဇူလိုင်လ ၂၆ ရက် နံနက် ၇ နာရီခွဲ (ဂရင်းနစ်စံတော်ချိန် ၁၁း၃၀ နာရီ) တွင် ဖြစ်ပွားခဲ့ပြီး Hudson Yards အိမ်ရာအနီး ၁၀ လမ်းနှင့် ၁၁ လမ်းကြားနှင့် အနောက် ၄၁ လမ်းနှင့် ၄၂ လမ်း နယ်မြေအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖြစ်ရပ်တွင် မီးသတ်သမားနှစ်ဦးအပါအဝင် လူခြောက်ဦးအနည်းငယ်စီ ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။

ဝန်ချီစက်အား မောင်းနှင်သူက တစ်စုံတစ်ရာ ဒဏ်ရာမရရှိခဲ့ဘဲ ၎င်းက မောင်းနှင်ခန်းအတွင်းမှမထွက်မီ မီးကို ငြှိမ်းသတ်နိုင်ရန်ကြိုးစားခဲ့သည်ဟု မီးသတ်အရာရှိများက ပြောခဲ့သည်။ သို့သော် အပူရှိန်ကြောင့် ဝန်ချီစက်အားအထောက်အကူပြုတည့်မတ်ထားသော သံမဏိကြိုးများလည်း ကောက်ကွေးကာ ပြိုလဲမှုဖြစ်ခဲ့ရခြင်းဖြစ်သည်။ထိုဝန်ချီစက်က ၅၄ ထပ်မြင့်သော အဆောက်အအုံတစ်ခု တည်ဆောက်သည့် လုပ်ငန်းခွင်၌ အသုံးပြုနေခြင်းဖြစ်သည်။
Ref—— Reuters

Leave a Reply

Your email address will not be published. Required fields are marked *