October 19, 2024

၂၇. ၇. ၂၀၂၃
Written by Naing Thuta

ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ဥဿာ (၁) လမ်းပေါ်ရှိ “ရွှေဘိုဒေါ်မ” ဆေးလိပ်ဖြန့်ချိရေးအလုပ်ရုံ ယမန်နေ့ညနေပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

This image has an empty alt attribute; its file name is photo_2023-07-27_11-00-30-1024x576.jpg

ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင် ၂၆ ရက်) ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ဥဿာ (၁) လမ်းပေါ်ရှိ “ရွှေဘိုဒေါ်မ”ဆေးလိပ်ဖြန့်ချိရေးအလုပ်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးလောင်ကျွမ်းရာနေရာသို့ ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၂ စီး၊ ပဲခူးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီး၊ နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီးတို့ဖြင့် ထွက်ခွာခဲ့ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလူမှုကူညီရေးအဖွဲ့များမှ အသင်းဝင်များ၊ ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၂၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးအား ပေါ့ဆစွာအသုံးပြုခဲ့သည့် ဆေးလိပ်ဖြန့်ချိရေးအလုပ်ရုံမှ ပိုင်ရှင်အား နယ်မြေခံရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *