October 18, 2024

၂၆. ၇. ၂၀၂၃
Written By Thandar

Beauty with a Purpose ရည်ရွယ်ချက်နဲ့ လူမှုအကျိုးပြု ပရဟိတအလုပ်တွေအတွက် ရွေးချယ်မယ့် Miss World 2023 ပြိုင်ပွဲကြီးအတွက် မြန်မာကိုယ်စားပြုအလှမယ်တွေကို ပြန်လည် ဖိတ်ခေါ်နေလျက်ပါတယ်။

“ကမ္ဘာ့အလှမယ်ပွဲကြီးဖြစ်တဲ့ Miss World 2023 ပြိုင်ပွဲကြီးမှာ သွားရောက်ယှဉ်ပြိုင်ရန် ထူးချွန်ထက်မြက်ပြီး လှပကျော့ရှင်းကျက်သရေရှိတဲ့ မြန်မာအမျိုးသမီးလေးကို ရှာဖွေနေပါတယ်”လို့ Organiztion ဘက်က တာ၀န်ရှိသူက ပြောပါတယ်။

ဒီပြိုင်ပွဲဝင်‌တွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ် အတွင်းရှိ အိမ်ထောင်မရှိသူ အမျိုးသမီးတွေ ၀င်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကို စိတ်ပါ၀င်စားသူတွေက Miss World Myanmar (Page ၊ Messenger)ကို ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီး ဆက်သွယ်လျှောက်ထားရမှာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-26_15-06-30-906x1024.jpg

၆၉ ကြိမ်မြောက် Miss World 2019 မယ်ကမ္ဘာရွေးချယ်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုမယ်ကမ္ဘာအလှမယ် Miss World Myanmar 2019 အလှမယ် ခေတ်လင်းလက်ယွန်းက လန်ဒန်မြို့မှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

နိုင်ငံတကာက Miss World ပြိုင်ပွဲကြီး စင်မြင့်ထက်မှာ Miss World Myanmar 2014 ကို အလှမယ် ဝိုင်းလေး ၊ Miss World Myanmar 2015 ကို အလှမယ် ခင်ရတနာသိန်းမြင့်၊ Miss World Myanmar 2016 ကို အလှမယ် မြတ်သီရိလွင် (Bella)၊ Miss World Myanmar 2017 ကို အလှမယ် အိကျော့ခိုင် ၊ Miss World Myanmar 2018 ကို အလှမယ် ဟန်တီ၊ Miss World Myanmar 2019 ကို ခေတ်လင်းလတ်ယွန်းတို့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *