October 18, 2024

၂၆. ၇. ၂၀၂၃
Written By Thandar

သင်းပျံ့နွယ် Beauty Saloon က ဒီနေ့ ဇူလိုင် ၂၆ ရက် နံနက်ပိုင်းမှာ မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက်ကျောက်ရေတွင်း ရွှေဘုန်းပွင့်ဘုရားလမ်းမှာရှိတဲ့ မွန်မြတ်စိတ်ထားတွယ်ရာမဲ့ဘိုးဘွားရိပ်သာမှာ ဒုတိယအကြိမ်အဖြစ် အဘိုး၊ အဘွား ၂၅ ဦးကို ဆံပင်ညှပ်ကုသိုလ်ပြုပြီး အလှူငွေတချို့လည်း လှူဒါန်းခဲ့ပါတယ်။

“ကျွန်မတို့ သင်းပျံ့နွယ်က ဒုတိယအကြိမ်မြောက်လာပြီးတော့ ကုသိုလ်ပြုကြတာပါ။ ပထမတစ်ကြိမ်လည်း လာပြီးတော့ အဘိုးအဘွားတွေကို ဆံသပြီး ကုသိုလ်ပြုခဲ့ဖူးပါတယ်။ ခုလို အဘိုးအဘွားတွေကို တွေ့မြင်ရတာ ကိုယ့်မိဘတွေလိုပဲ ရင်ထဲ ခံစားရတယ်။ ပထမတော့ ကိုယ်တွေ တတ်နိုင်တဲ့ဘက်က ကုသိုလ်ပြုနိုင်လို့ ပီတိဖြစ်ရသလို ဝမ်းလည်းနည်းမိပါတယ်။ တကယ်လိုအပ်နေတဲ့ နေရာတွေမှာလည်း ညီမတို့ ဝန်ထမ်းတွေနဲ့အတူ ခုလို ကုသိုလ်ပြုသွားဖို့ ရှိပါတယ်”လို့ သင်းပျံ့နွယ် Beauty Saloon ပိုင်ရှင် နွယ်နွယ်က MT News ကိုပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-26_13-47-23-1024x579.jpg

သင်းပျံ့နွယ် Beauty Saloon ကို ၂၀၀၅ ခုနှစ်ထဲက စတင်ဖွင့်လှစ်ခဲ့ပြီး မြောက်ဥက္ကလာနဲ့ လှိုင်သာယာဘက်မှာ ဆိုင်နှစ်ဆိုင်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

“အဘွားတို့ ခုလို ဆံပင်တွေ ရှည်လာတဲ့ အချိန်မှာ လာရောက်ပြီး ကုသိုလ်ပြု ပေးတဲ့ ကလေးတွေရှိတော့ ကောင်းပါတယ်။ ခုလို ဆံပင်တွေ ညှပ်လိုက်တော့ အမေတို့ ပေါ့ပေါ့ပါးပါးဖြစ်သွားတာပေါ့။ ဒီမှာ နေရတာ အမေတို့အတွက် အဆင်ပြေပါတယ် လိုအပ်တာတွေလည်း ဖြည့်ဆည်းပေးလို့ စိတ်လည်း ကြည်နူးရပါတယ် “လို့ ဘိုးဘွားရိပ်သာက အဘွားတစ်ဦးက MT News ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *