October 18, 2024

ဓာတ်ပုံ -အဖြူရောင်ကမ်းလက် လူမှုကူညီရေး အသင်း

၂၆. ၇ .၂၀၂၃
Written by Hey Mar

ဗိုလ်တထောင်မြို့နယ် ၈ ရပ်ကွက် ၊ ၄၂လမ်းမှာ ဒီနေ့ ဇူလိုင် ၂၆ ရက် မနက် ၁၀ နာရီခန့်က အမျိုးသားတစ်ဦး ၈ ထပ်တိုက်ရဲ့ ၈ လွှာကနေ ပြုတ်ကျပေမယ့် အပြင်းအထန် ဒဏ်ရာမရရှိဘဲ အသက်ရှင်လျှက် ဆေးရုံကို တင်ပို့ ကုသပေးနိုင်ခဲ့တယ်လို့ အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။

ပြုတ်ကျတဲ့ အမျိုးသားက အသက် ၃၀ ဝန်းကျင်အရွယ်ဖြစ်ပြီး ပြုတ်ကျတဲ့အကြောင်းအရင်းကို သေချာမသိရပေမယ့် ပြုတ်ကျတဲ့ ဒဏ်ကြောင့် နာကျင်ဖူးယောင်တာက လွဲရင် ပေါက်ပြဲ ကျိုးပဲ့ဒဏ်ရာတွေတော့ မရရှိခဲ့ဘူးလို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-26_14-17-32.jpg

“ပြုတ်ကျတာက ၈ လွှာ အမြင့်ကနေ ကျတာ။ အဆောင် တိုက်ခန်းပေါ့။ ပြုတ်ကျတဲ့အကြောင်းအရင်းတော့ ရဲ ကပဲ သိပါလိမ့်မယ်။ အရမ်းအထိမနာတာက နောက်ဖေးက ဆန်းရှိတ်တွေကြောင့်ပါ”လို့ အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောပါတယ်။

ပြုတ်ကျမှုဖြစ်ပွားရာနေရာကို လင်းလက် ပရဟိတ အသင်းနဲ့ အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်း တို့က ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပြီး ရန်ကုန်ဆေးရုံကြီးကို လင်းလက် ပရဟိတအသင်းယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *