October 18, 2024

၂၅. ၇. ၂၀၂၃
Written By Thandar

လက်ရှိ ထုတ်လွှင့်နေတဲ့ “စိန်တပြည်သိင်္ဂီ” ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှုရခဲ့တဲ့ မိတ်ကပ်ပညာရှင် ခင်စန်းဝင်းကတော့ မိန်းမသားဆန်ဖို့အတွက် ရင်သားထည့်တာရော လိင်ပြောင်းလဲတာရော ခွဲစိတ်မှုတွေကို လွန်ခဲ့တဲ့ ၁၀ နှစ် လောက်ထဲက လုပ်ခဲ့တာပါလို့ ဖွင့်ဟလာပါတယ်။

“ဒီကားထုတ်လွှင့်နေတာ ပြန်ကြည့်ချိန်မှာ ကိုယ့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အိုက်တင်တွေ လုပ်ရတာရှိတယ်။ မကြီး အိုက်တင်တွေက မိန်းမမဆန်ဘဲနဲ့ အခြောက်ဆန်မှာကြောက်လို့ အိုက်တင်တွေ လျှော့လုပ်ဖြစ်သွားတယ်။ ဟိုဘက်ကို ရောက်သွားမှာ ကြောက်လို့ တချို့ဆိုရင် မပီပြင်တဲ့ အပိုင်းတွေပါတယ်။ ဇာတ်လမ်းကို ကြည့်ပြီး ဝေဖန်သူတွေကိုလည်း မကြီးအပြစ်မပြောပါဘူး။ မကြီး ရင်သားထည့်တာရော Sex လိင်ချိန်းလိုက်တာရော ခွဲစိတ်မှုတွေကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ထဲက လုပ်ခဲ့တာပါ၊ ခွဲစိတ်မှုကလည်း တတိယအကြိမ်ထိ လုပ်ခဲ့ရတာပါ။ သိန်းပေါင်း ၁၆၀ လောက်ကုန်ခဲ့ရတယ်။ လုပ်ခဲ့တာလည်း ကြာပြီမို့ပါ၊ ခုချိန်ဆိုရင် ဒီ‌စျေးနဲ့ဘယ်ကမလဲပေါ့။ မကြီး အခုက မိန်းမ ပုံစံပိုဖြစ်သွားတယ်ပေါ့။ ပရိသတ်တွေက အနုပညာတစ်ယောက်ရဲ့ သရုပ်ဆောင်ပိုင်းအရည်အချင်း ကို Judge လုပ်ပေးတဲ့ ဒိုင်လူကြီးတွေပါ သူတို့က ပိုသိတယ်။ မကြီးတို့ ရိုက်လိုက်တဲ့ ဇာတ်ကားတစ်ကားကို ကြည့်နိုင်တာလေ။ ပရိသတ်ကတော့ ကားပေါင်းများစွာကို ကြည့်နေကြတာလေ။ ပရိသတ်တွေ ဝေဖန်တာမှန်တယ်။ ကိုယ့်ဘက်က မှားနေတာ ကိုယ့်အရည်အချင်းတွေ လိုနေသေးတာပါ”လို့ မိတ်ကပ်ပညာရှင် ခင်စန်းဝင်းကပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-25_16-46-48.jpg

ဒီ ဇာတ်လမ်းတွဲက Fortune TV ရုပ်သံလိုင်းက ည ၈နာရီမှာ လက်ရှိထုတ်လွှင့်နေတဲ့အတွက် ရုပ်သံလိုင်းကသာ ကြည့်ရှုလို့ရတဲ့အတွက် တချို့ TV မရှိတဲ့ ပရိသတ်တွေကြည့်ရှုဖို့ အခက်အခဲရှိတယ်လို့ ပြန်ကြားရတယ်လို့လည်း ဆိုပါတယ်။

“အရင်တုန်းက လူရွှင်တော်တွေကို မိန်းမလျာ ဇာတ်ရုပ်လုပ်ပြီး ရိုက်တာရှိတယ်။ ရိုက်ရင်လည်း တကယ် Reality မဟုတ်ဘဲ ဟာသဘက်ကပဲ ကြည့်ပြီး သရုပ်ဆောင်ခိုင်းတယ်။ နောက်ပိုင်းလာငှားတဲ့ ဇာတ်ကားတွေမှာ မိန်းမလျာဆန်သော အပြုအမူ၊ အပြောအဆို အသုံးအနှုန်းတွေ မသုံးခိုင်းဘူးဆိုရင် မကြီးရိုက်မယ်လို့ ပြောချင်တယ်။နောက် မကြီးကိုလူတွေကြည့်ပြီးရယ်တာကို မကြိုက်ဘူး၊ အဲ့အတွက် ရယ်စရာဟာသတွေ မလုပ် ခိုင်းဖို့ တောင်းဆိုတယ် ။ ကိုယ့်ရဲ့ သတ်မှတ်ချက်တွေ ကိုက်ညီလို့ ဇာတ်ကားတွေ ရိုက်ဖြစ်တာပါ”လို့ သူကဆက် ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *