October 18, 2024

၂၅. ၇. ၂၀၂၃
Written By Thandar

တစ်ခေတ်တစ်ခါက ပရိသတ်ရင်ထဲထိ ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ အဆိုတော် စိုးလွင်လွင် ကွယ်လွန်ခြင်း ၂၄ နှစ်ပြည့်နဲ့ “စိုးလွင်လွင် (သို့မဟုတ်) မိုးကောင်းကင်ကို ဖွင့်ခဲ့သူ” စာအုပ်မိတ်ဆက်ပွဲကို ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကိုကောင်း Tea shop မှာကျင်းပခဲ့ပါတယ်။

“ကိုစိုးလွင်လွင်က သူစိတ်ဓာတ်တွေ အရမ်းကျနေချိန်မှာ ယောနသံဇင်ယော်ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြီး မိုးကောင်းကင်ကိုဖွင့်ခဲ့သူ သီချင်းကို ရေးသားခဲ့တာပါ။ အဲဒီသီချင်းလေးက စိတ်ခွန်အားကို မြှင့်တင်ပေးတဲ့ သီချင်းလေးဖြစ်တဲ့အတွက် သူကွယ်လွန်သွားပြီး ဆယ်နှစ်ပြည့်အမှတ်တရ live Show လေးလုပ်တဲ့အချိန်မှာ သူ့ ကို ဘယ်လိုဂုဏ်ပြုပေးကြမလဲ စဥ်းစားကြတယ်။ သူက အောင်မြင်ခဲ့တဲ့ အဆို တော် တစ်ယောက်လည်း ဖြစ်တယ်။ အရမ်းကြိုးစားခဲ့တဲ့သူလည်း ဖြစ်တယ်။ ပရိသတ်ကို အကောင်းဆုံးတွေ ပေးခဲ့သူဖြစ်သလို ပရိသတ်ရဲ့ချစ်ခင်မှုကိုလည်းရခဲ့တယ်။ ဒါကြောင့် ကျွန်မက သူ့ကို မိုးကောင်းကင်ကို ဖွင့်ခဲ့သူလို့ တင်စားလိုက်တာပါ။ အဲဒီတုန်းကလည်း မိုးကောင်းကင်ကို ဖွင့်ခဲ့သူ ကိုထုတ်ဝေ ဖြစ်ခဲ့တာပါ။ အခု ၂၄ နှစ်ပြည့်မှာလည်း ရသယဥ်စွန်းတန်း စာပေက ဒီစာအုပ်လေးကို ထပ်မံထုတ်ဝေချင်ပါတယ်ဆိုပြီး ကမ်းလှမ်းလာတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ထပ်မံထုတ်ဝေတဲ့အခါမှာလည်း ပုံလေးတွေထပ်ဖြည့်ထားပါတယ်” လို့ ဇနီးဖြစ်သူ မဖြူ က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-25_15-24-09-2-695x1024.jpg

စာရေးဆရာမကြီး ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ)က အဖွင့်မုဒိတာအမှာစကား ပြောကြားခဲ့ပြီး စီစဉ်သူ ကဗျာဆရာကြီး အောင်ဇင်မင်း ၊ ယဉ်စွန်းတန်းစာပေက စာရေးဆရာ လင်းသူရနွယ်က သရုပ်ဆောင် ဇာဂနာရဲ့ အမှာစကားကို ဖတ်ကြားပေးပါတယ်။ ဒါ့ပြင်အခမ်းအနားမှာ အဆိုတော် စိုးလွင်လွင်ရဲ့ ဇနီးဖြစ်သူ မဖြူ ၊ သမီးဖြစ်သူ ရွှေအိမ်စည် ၊ ဒါရိုက်တာ မောင်သီ ၊ စာရေးဆရာမကြီး ဒေါ်သန်းမြင့် အောင် စသူ တို့က တက်ရောက်ပြီး အမှတ်တရစကားတွေ ပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-25_15-24-11-1-1024x579.jpg

” ဒီနေ့မှာ ကျွန်မစိတ်ခံစားချက်တွေက ဝမ်းနည်းတာရော ဝမ်းသာတာရော အများကြီး ခံစားရပါတယ်။ ကျွန်မ အကို ကိုဒေဝကိုပေးခဲ့တဲ့ ကတိအတိုင်း ဒီစာအုပ်လေးထုတ်နိုင်တဲ့အတွက်ပါ။ နောက်ပြီး မနေ့ညကစပြီး ပရိသတ်တွေ ဆီက အမှာစာတွေအများကြီးရတဲ့အတွက် ကျွန်မထင်ထားတာထက် ပိုအားပေးကြတဲ့ အတွက်လည်း ဝမ်းသာရပါတယ်” လို့ စိုးလွင်လွင်ရဲ့ သမီးဖြစ်သူ ရွှေအိမ်စည် က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-25_15-24-09-1024x579.jpg

စိုးလွင်လွင်၊မဖြူ၊ဒေဝ၊ရွှေအိမ်စည်တို့ရဲ့ ရေးသားခဲ့တဲ့ စာတွေကို ထည့်သွင်းထားတဲ့ စိုးလွင်လွင် (သို့မဟုတ်) မိုး ကောင်းကင်ကို ဖွင့်ခဲ့သူ စာအုပ်ကို ဒုတိယအကြိမ် ရသယဉ် စွန်းတန်း စာပေက ကျပ် ၇,၀၀၀ တန်ဖိုးနဲ့ ထုတ်ဝေပေးမှာဖြစ်ပါတယ်။

တေးရေး တေးဆို စိုးလွင်လွင်ကို ၁၉၆၂ ခုနှစ် စက်တင်ဘာ ၁၈ ရက် မွေးဖွားခဲ့ပြီးတော့ ငယ်နာမည် ပိုပိုဖြစ်ပါတယ်။ သူ့ဟာ အောင်မြင်ကျော်ကြားနေချိန် အသက် ၃၇ နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *