
၂၅. ၇. ၂၀၂၃
Written by Pan Ei
တရုတ်တိုင်ပေသမ္မတ Tsai Ing-wen ဟာ ကိုဗစ်ကူးစက်ရောဂါပိုး ကူးစက်ခံထားရတယ်ဆိုတာ ဒီနေ့ (ဇူလိုင်လ ၂၅ ရက်) မှာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပြီး သူမရဲ့ ခရီးစဉ်တွေနဲ့ လူထုတွေ့ဆုံပွဲတွေကို ဖျက်သိမ်းခဲ့တယ်လို့ သမ္မတရုံးက ဒီနေ့မွန်းလွဲပိုင်းမှာ ပြောကြားခဲ့ပါတယ်။
အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ သူမဟာ နေမကောင်းမှုကို အနည်းငယ်ခံစားခဲ့ရတာကြောင့် စမ်းသပ်စစ်ဆေးမှုပြုလုပ်ပြီးနောက်မှာ ကိုဗစ်ကူးစက်ရောဂါပိုးရှိနေတယ်ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ သမ္မတ Tsai ဟာ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် မခံစားရပေမဲ့လည်း ဆေးအဖွဲ့က ပြုစုစောင့်ရှောက်ပေးနေတယ်လို့ သိရကာ သူမရဲ့ တစ်နေကုန်အချိန်ဇယားကိုလည်း ဖျက်သိမ်းဖို့ ဆေးအဖွဲ့က အကြံပြုထားတယ်လို့လည်း သိရပါတယ်။
စူပါတိုင်ဖွန်း Doksuri ဟာ ထိုင်ဝမ်ကျွန်း တောင်ပိုင်းကို ချဉ်းကပ်လာတာကြောင့် နိုင်ငံအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ လေပြင်းတိုက်ခတ်မှုတွေနဲ့ မိုးရွာသွန်းမှုတို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့လည်း သမ္မတက ဝန်ကြီးချုပ် Chen Chien-jen ကို တိုက်တွန်းထားတယ်လို့ အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref; Reuters