၂၅. ၇. ၂၀၂၃
Translated by Htwe Ko Tun
ကမ္ဘာကျော်အမေရိကန်အဆိုတော် ဘရစ်နီစပီးယားရဲ့ ဘဝအတွေ့အကြုံမှတ်တမ်းစာအုပ်က ပုံနှိပ်ခြင်း မပြုခင်မှာဘဲ ရှေ့နေတွေရဲ့ တောင်းဆိုပြောကြားချက်တွေကြောင့် ထုတ်ဝေမှုနောက်ကျခဲ့ရတယ်လို့ သိရပါတယ်။
အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ နာမည်ကျော်အဆိုတော်တစ်ယောက် ဘရစ်နီ စပီးယား ဟာ ငယ်ဘဝ သူငယ်ချင်းဖြစ်တဲ့ ဂျက်ဆန် အလက်ဇန်းဒါး နဲ့ ၂၀၀၄ ခုနှစ်မှာပထမဆုံး လက်ထပ်ခဲ့တာပါ။ ဒါပေမယ့် အကြာကြီးတော့မဟုတ်ပါဘူး။ သူတို့လက်ထပ်ကာလ က ၅၅ နာရီပဲကြာခဲ့ပြီး သူတို့ရဲ့လက်ထပ်မှုကို ဖျက်သိမ်းခဲ့ပါတယ်။
တစ်ခါ ၂၀၀၄ ခုနှစ်မှာပဲ ဒုတိယအိမ်ထောင်အဖြစ် ကီဗင် ဖီဒါလိုင်း နဲ့ လက်ထပ်ခဲ့ပြီး သားနှစ်ဦးရရှိခဲ့ပါတယ်။ သုံးနှစ်အကြာ ၂၀၀၇ ခုနှစ်မှာ သူတို့နှစ်ဦးကွာရှင်းခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်မှာတော့ လက်ရှိတတိယ အိမ်ထောင်ဖြစ်တဲ့ ဆမ် အက်စ်ဂါရီ(Sam Asghari) နဲ့ လက်ထပ်ခဲ့တာပါ။
အတွင်းသိ ရင်းနှီးသူတစ်ယောက်ရဲ့ ပြောကြားချက်အရတော့ ဘရစ်နီ စပီးယားရဲ့ ဘဝအတွေ့အကြုံမှတ်တမ်းမှာ ဘရစ်နီရဲ့ ခင်ပွန်းဟောင်းနှစ်ယောက်ဖြစ်တဲ့ ဂျက်ဆန်နဲ့ ကီဗင် ဖီဒါလိုင်း တို့နဲ့ ပတ်သက်တဲ့ဖြစ်စဉ်တချို့ကို ဖွင့်ဟထားမှုအပေါ် သူတို့အနေနဲ့ မခံမရပ်နိုင်ဖြစ်ကြမှာစိုးလို့ ရှေ့နေတွေက စာအုပ်မှ ဖျက်ခိုင်းခဲ့တယ်လို့ သိရပါတယ်။
ပရိသတ်အသည်းစွဲ အဆိုတော်တစ်ယောက်လို့ဆိုရမယ့် ဘရစ်နီ စပီးယားက အခုဆိုရင်တော့ သူ့ရဲဘဝ မှတ်တမ်းစာအုပ်ကို အောက်တိုဘာလ ၂၄ ရက်မှာ ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။
ကြုံတွေ့ခဲ့ရတဲ့ ဘဝဇတ်လမ်းအတွေ့အကြုံတွေကို ရဲရဲဝံ့ဝံ့၊ ပွင့်ပွင့်လင်းလင်းနဲ့ ထုတ်ဖေါ်ဖွင့်ဟပါတယ် ဆိုတဲ့ ဘရစ်နီစပီးယားရဲ့ ကိုယ်ပိုင်ရေး The Woman In Me ကတော့ အောက်တိုဘာ ၂၄ ရက်မှာ ထွက်ရှိလာတဲ့အခါ နာမည်ကျော်အဆိုတော်တစ်ယောက်အပြင် သီချင်းရေးဆရာတစ်ယောက်၊ရုပ်ရှင် မင်းသမီး တစ်ယောက်လည်းဖြစ်တဲ့ ဘရစ်နီစပီးယား အဖို့ ဘဝဇတ်ကြောင်းတွေဖွင့်ဟရင်း နာမည်ကျော်စာရေး ဆရာမတစ်ယောက်အဖြစ်ရော နာမည်ရ ကျော်ကြားနိုင်အုံးမလား စောင့်ကြည့်ရမှာပါ။
Ref—-CNA