October 18, 2024

၂၄.၇. ၂၀၂၃
Written by Nay Moe

အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည်ကို KNLA နှင့် PDF မဟာမိတ်တပ်ကတိုက်ရာ လခရ ၄၁ ဦးသေပြီး ၄၀ ဒဏ်ရာရသော်လည်း PDF ၁ ဦးသာသေပြီး ၁ ဦးသာ ဒဏ်ရာရသည်ဟု NUG ၏ MOD စစ်ရုံးချုပ်က ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာတိုက်ပွဲနှင့် ပတ်သက်ပြီး ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြစ်စဥ်မှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၉ ရက် ည ၁၁ နာရီခန့်တွင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာနားသို တပ်၊ ရဲနှင့်ပျုစောထီး(ပြည်သူ့စစ်) အင်အား ၄၀၀ ခန့် စစ်ကြောင်းနှစ်ကြောင်းဖြန့်ခွဲ၍ ဝင်ရောက်လာခဲ့ရာ ည ၁၂ နာရီခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မဟာမိတ်ပူးပေါင်းတပ်များနှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီခန့်အတွင်း တပ်၏ဗိုလ်ကြီးအဆင့်အပါအဝင် ၃၃ ဦး သေဆုံးကာ တပ်ရင်းမှူးအပါအဝင် ၄၈ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူ ၄၈ ဦးအနက် ၂၀ မှာ အတွင်းလူနာအဖြစ် တောင်ငူဆေးရုံတွင် တက်ရောက်ကုသနေကြောင်း သိရှိရပြီး ဆေးရုံအရောက်တွင် ဒဏ်ရာပြင်းထန်သဖြင့် တပ်သား (၈) ဦး ထပ်မံသေဆုံးခဲ့သည်ဟု NUG က ပြောသည်။

တိုက်ပွဲအတွင်း KNLA/PDF မဟာမိတ်ပူးပေါင်းတပ်များမှ PDF တစ်ဦးသာသေပြီး တစ်ဦးသာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု NUG ၏ MOD စစ်ရုံးချုပ်က ယခုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *