October 18, 2024

၂၄.၇.၂၀၂၃
Written by Thandar

မောင်မင်းလူကလေး‌ (ခေါ်) သခင်ကြီး ဦးစံမြင့် အသက် ၉၄ နှစ်ဟာ ဒီနေ့ ဇူလိုင် ၂၄ ရက် နေ့လည် ၁၂ နာရီ မိနစ် ၂၀ မှာ ပဲခူးမြို့နေအိမ်မှာပဲ ၉၆ ပါးရောဂါနဲ့ကွယ်လွန်သွားပါတယ်။

“အဖေက အင်္ဂလိပ်မျက်နှာဖြူအရာရှိဇာတ်ကောင်ကလွဲရင် ကျန်တဲ့ဇာတ်ကောင်တွေနဲ့မလိုက်ဖက်ဘူး။ မှတ်မှတ်ရရ ဆားပုလင်းနှင်းမောင်ကားရိုက်တော့ ဦးကျော်သူကို ဒါရိုက်တာကငှားတဲ့အချိန်မှာ ဦးကျော်သူက ဒီဇာတ်ကောင်နေရာမှာ မောင်မင်းလူကလေး သခင်ကြီးပါမှ ရိုက်မယ်။ သခင်ကြီးမပါရင်မရိုက်ဘူးလို့ပြောပြီး ငြင်းတာ‌တွေလည်း ရှိခဲ့တယ်” လို့ သခင်ကြီးသရုပ်ဆောင် ဦးစံမြင့်ရဲ့သမီးဖြစ်သူ မချိုထွေးက ဖြေခဲ့ဖူးပါတယ်။

အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ သခင်ကြီး ဦးစံမြင့်ဟာ မြန်မာဇာတ်ကားတွေမှာ ဗြိတိသျှအရာရှိ စစ်ဗိုလ်အိုက်တင်တွေနဲ့ သရုပ်ဆောင်သူတစ်ဦးဖြစ်ပြီး ဗြိတိသျှ-ဗမာ လူမျိုးတစ်ယောက်ဖြစ်ပါတယ်။

ကျန်းမာရေးမကောင်းတဲ့ ဇာတ်ပို့သရုပ်ဆောင်ဦးစံမြင့်ကို မကွယ်လွန်မီ လမ်းမလျောက်နိုင်တာကြောင့် ရုပ်ရှင်လောကသားတွေကိုယ်စား သရုပ်ဆောင်ထူးခန့်ကျော်မိသားစုက Wheel Chairနဲ့ ငွေတစ်သိန်းကျပ်ကို ဇွန်လ ၁၈ ရက်က ရုပ်ရှင်အစည်းအရုံးမှာ လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *