October 18, 2024

၂၄.၇ .၂၀၂၃
Written by Hey Mar

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ လဟယ်မြို့နယ်၊ လဟယ်-နန်းယွန်း ကားလမ်းမကြီးပေါ်မှာ FORLAND ကုန်တင်ယာဥ် အဖြူရောင်တစ်စီး တိမ်းမှောက်မှု ဇူလိုင် ၂၃ ရက် နေ့လယ် ၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာကြောင့် အမျိုးသားတစ်ဦးနေရာတင် သေဆုံးခဲ့တယ်လို့ လဟယ်မြို့နယ်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

အဆိုပါ ယာဥ်ဟာဘရိတ်ရှုးပေါက်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယာဥ်ပေါ်ပါသူ အမျိုးသား ၈ ဦးအနက် ယာဥ်မောင်းဖြစ်သူ တစ်ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန် စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကာ ကျန် ၄ ဦးမှာတော့ မစိုးရိမ်တဲ့ သွေးထွက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်ကို သတင်းရတဲ့အတွက် လဟယ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ကူညီ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူရုပ်အလောင်းကို မြို့နယ်ပြည်သူ့ဆေးရုံမှ သူနာတင်ယာဉ်နဲ့ လဟယ်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *